Chapter 25 ~I can accept even if you say you hate me~

1.8K 106 16
                                    

~I love you too just as you love me.~

မနေ့ကသူနဲ့ဇိုးနဲ့စကားပြောနေတဲ့အချိန်မှာမေမေကညစာစားဖို့တက်ခေါ်သည်။ မေမေကသူတို့ပြောနေတာကိုအပြင်ကနေကြားနေမလားမသိနိုင်ပေမယ့်မေမေကသိနေဟန်အရိပ်အယောင်တော့မရှိတာကိုတွေ့ရတာမို့တော်သေးသည်။ ဇိုးကသူ့ကိုမှားပါလာတဲ့မှတ်စုတွေလာပေးတာလို့ပြောပြီးညစာမစားသွားဘဲဒီတိုင်းပြန်သွားတော့မေမေကဘာဖြစ်ကြတာလဲလို့မေးလာသည်။ မယ်လွန်ဘာမှတော့ထွေထွေထူးထူးမပြောတာမို့မေမေကလည်းဘာမှထပ်မမေးတော့ဘူး။

"သားဇိုး မယ်လွန်ကိုလာရှာတာလား"

"ဟုတ်အန်တီနန်း။ သူမနိုးသေးတာလား"

"အယ် မယ်လွန်သားကိုကြိုမပြောဘူးလား"

"ဘာလို့လဲ။ အန်တီနန်း"

"သားကအစောကြီးကိစ္စရှိလို့ဆိုပြီးထွက်သွားတယ်။ သားမလာသေးခင်ကပဲ။ အန်တီနန်းကသားမနေ့ကတည်းကကြိုသိနေခဲ့တယ်ထင်ထားတာ"

"ရတယ်အန်တီနန်း။ သူကိစ္စရှိနေလို့ဖြစ်မယ်။ သူသွားတာမကြာသေးဘူးဆိုတော့သားသူ့ကိုတွေ့မလားမသိဘူး။ သွားတော့မယ်အန်တီနန်း... ကျေးဇူးပါ"

"အေး အေး သတိထားပြီးမောင်းဦး"

"ဟုတ် အန်တီနန်း"

သားနဲ့ဇိုးကဒီလိုပဲတကျက်ကျက်ရန်ဖြစ်နေကြဆိုတော့ဒေါ်နန်းမယ်စိတ်ထဲတစ်ကူးတကဘာမှမတွေးဘဲအမှုမဲ့အမှတ်မဲ့ထားလိုက်သည်။

ဇိုးကားကိုအမြန်မောင်းထွက်လာပြီးမယ်လွန်ကိုတွေ့မလားလိုက်ကြည့်နေမိသည်။ သူကလိုက်မပို့ရင်မယ်လွန်ကလိုင်းကားသာစီးတတ်တာမို့မှတ်တိုင်မှာရှာကြည့်တော့မတွေ့ဘူး။ ဒါကြောင့်လိုင်းကားပေါ်ပါသွားလောက်ပြီလို့တွေးတာကြောင့်ကျောင်းကိုအရင်ရောက်အောင်လာပြီးကျောင်းကားမှတ်တိုင်မှာစောင့်နေလိုက်သည်။

သူမှတ်တိုင်မှာရှိနေတော့တစ်ခြားသူတွေကသူ့ကိုအထူးအဆန်းလုပ်ပြီးကြည့်နေသည်။ ဇိုးအတွက်ကတော့ဒီလိုမျိုးကြုံရတာမဆန်းတော့တာမို့သူ့အာရုံကမယ်လွန်ဘယ်ကားပေါ်ကဆင်းလာမလဲသာဖြစ်သည်။ သူရပ်နေတုန်းမှာသူ့အရွယ်ကောင်မလေးတစ်ဖွဲ့ကသူ့ဆီရောက်လာပြီးဓာတ်ပုံတူတူရိုက်ပေးဖို့တောင်းဆိုသည်။

Fat Representation in♥Romance (Completed)Where stories live. Discover now