~Love u babe lone lone lay~
ချိန်းထားတဲ့အချိန်ထက်နောက်ကျမှရောက်လာတဲ့သောကြာနဲ့ဂျက်ခ်ကိုအားလုံးကဝိုင်းပြောကြတော့သည်။ ရောက်လာကတည်းကသောကြာမျက်နှာသိပ်မကောင်းတာကိုသတိထားမိကြတော့ပြောလက်စကိုရပ်လိုက်ကြပြီး ဘယ်သူမှဘာမှဆက်မပြောကြတော့ဘဲလိုအပ်တာတွေကိုကိုယ်စီစီစဥ်ဝယ်ဖြစ်ကြသည်။
"မယ်လွန် မင်းရွာမှာကရေမီးစုံတယ်မလား"
"မင်ကအထင်သေးတာလား စုံပါတယ်ဟ"
"မဟုတ်ရပါဘူးကွာ။ ငါတို့ဘာတွေကြိုပြင်ရမလဲသိချင်လို့ပါ"
"တစ်ပတ်ကျော်ကျော်ပဲနော်ဟေ့ရောင်တွေ မသိရင်တစ်နှစ်လောက်နေမယ့်ပုံစံတွေနဲ့.."
"ပြောလို့မရဘူးလေကွာ။ ရွာကမိန်းမလှလေးကိုကြွေသွားရင်ဘယ်လိုလုပ်မလဲ"
အားလုံးကအင်းစက်ကိုမနိုင်ကြောင်းမျက်နှာအမူအရာတွေပြနေသည်။ သူ့စကားနားထောင်နေရင်အချိန်ကုန်တယ် လုပ်စရာရှိတာဆက်လုပ်မယ်ဆိုပြီးရွှေလွန်းကဖြတ်ပြောလာသည်။ ဒါကြောင့်အင်းစက်စကားကိုဘယ်သူမှမဖတ်မလုပ်တော့ဘဲကိုယ်စီရှုပ်နေကြသည်။
တစ်ယောက်တစ်နေရာနဲ့ဝယ်မယ့်ပစ္စည်းတွေကိုရွေးနေကြတဲ့ချိန်မှာဇိုးကဘယ်ချိန်ကတည်းကချောင်းနေခဲ့လဲမသိ သူ့လက်ကိုလာဆွဲပြီးသူနဲ့လိုက်ခဲ့ဖို့တစ်နေရာခေါ်လာသည်။
"မင်းငါ့ကိုဘာလုပ်တာလဲ။ သူတို့တွေမြင်ကုန်မယ်"
"ငါမင်းလက်ကိုပဲဆွဲရသေးတာနော်။ မသိရင်ငါကပဲလူရှေ့သူရှေ့မဖွယ်မရာလုပ်နေတဲ့သူလိုလို"
"ဟီးး ငါပြောချင်တာအဲ့လိုဟုတ်ဘူးလေ။ မင်းငါ့ကိုသပ်သပ်ဘယ်ကိုခေါ်သွားမလို့လည်းလို့မေးချင်တာ..ငါမှားသွားလို့"
"ငါခုနကမင်းနဲ့ဆင်တူအရုပ်လေးတစ်ရုပ်တွေ့ခဲ့တယ်။ အဲ့ဒါမင်းကိုပြမလို့..တစ်ကယ်တူတယ် မင်းအတိုင်းပဲ"
ဇိုးကအားကြိုးမာန်တက်နဲ့ပြောနေတာမို့မယ်လွန်လည်းတစ်ကယ်အဟုတ်အမှန်သိချင်သွားသည်။ ဇိုးခေါ်သွားတဲ့အတိုင်းလိုက်သွားရင်းရပ်လိုက်တဲ့နေရာကိုလိုက်ရပ်တော့ဇိုးကသူ့ကိုအရုပ်တစ်ရုပ်ဆီလက်ညိုးထိုးပြသည်။ ဇိုးလက်ညွှန်ရာမယ်လွန်ကြည့်လိုက်တော့သူ့ကိုပြုံးပြသလိုကြိုနေတဲ့အရုပ်က "ဝက်ရုပ်ကလေး"။
YOU ARE READING
Fat Representation in♥Romance (Completed)
Romance"I LOVE YOU" I love you for all that you are, all that you have been and all that you will be~♥ မင်းရဲ့အရာအားလုံးကို ငါသဘောကျတယ်။ ဒါပေမယ့် ငါ့ရဲ့အရာအားလုံးကိုတော့ ငါမုန်းတယ်။ မင်းရဲ့အမြင်မှာ ငါကဆိုးသွမ်းနေလောက်မယ်ဆိုတာသိတယ်။ ဒါပေမယ့် မင်းမသိတာတစ်ခုက...