Chapter 38 ~The right choice is hardly ever the easy choice~

1.3K 66 8
                                    

~Not every decision is right but you need to be able to make the right decision~

ဒီနေ့ကသူတို့ခရီးကပြန်ရောက်ပြီးတော့နှစ်ရက်မြောက်နေ့ဖြစ်သည်။ အပြန်လမ်းမှာသူတို့သူငယ်ချင်းတွေပြန်ပြီးအဆင်ပြေသွားကြတာကိုမေမေတို့ရောအန်တီနွယ်တို့ကောမျက်မြင်ကိုယ်တွေ့မို့ဟိုနေ့ကသူတို့ရန်ဖြစ်ထားကြတယ်လို့ပဲထင်လိုက်ကြတာဖြစ်လောက်ပြီးဒီအကြောင်းအရာကိုအိမ်ရောက်လည်းဘယ်သူမှသူ့ကိုမေးမလာတော့ဘူး။ မယ်လွန်ဟာဖေဖေမေမေတို့ကိုလျို့ဝှက်မထားချင်​ပေမယ့်အခုတော့အချိန်မတန်သေးဘူးထင်သည်။

တန်ခူးလကြီးလည်းကုန်တော့မှာမို့သူတို့ကျောင်းပြန်တက်ဖို့ကတစ်လလောက်သာလိုတော့သည်။ ဒီတစ်လအတွင်းမှာဘာလုပ်ကြမလဲဆိုတာသာတွေးနေမိသည်။

"မယ်လွန်"

"နှင်း..လာလေ"

သူအိမ်မှာရှိနေတဲ့အချိန်မှာနှင်းသူ့ဆီရောက်လာခဲ့သည်။ လက်ထဲမှာလည်းအထုတ်အပိုးတွေအပြည့်ပဲ။

"ငါ့ဆီလာတာလား"

"အေးပေါ့ ရော့ငါ့ရဲ့လက်ဆောင်"

"ငါလည်းနင့်ကိုရွာပြန်လက်ဆောင်ပေးချင်ပေမယ့်ငါ့မှာရွာကဘာမှကိုပါမလာဘူး"

"မလိုဘူး ရတယ်"

"ကျေးဇူး"

"ဇိုးကိုလည်းခွဲပေးလိုက်ဦး။ ငါသူ့ဆီကိုတော့တိုက်ရိုက်သွားမပေးတော့ဘူး"

"အင်း ငါပေးလိုက်မယ်"

"မယ်လွန် ငါရွှေလွန်းတို့ဆီကနေကြားပြီးပြီ "

နောက်ဆုံးတော့နှင်းကသူ့ရဲ့လျို့ဝှက်ချက်ကိုသိသွားခဲ့ပြီ။ သူ့ကိုနာကျည်းနေမလား ဒါမှမဟုတ်ခွင့်လွှတ်ပေးမလား။ ဒီအချိန်မှာသူနှင်းကိုမျက်နှာမပြရဲလောက်အောင်ပဲ။

"နှင်း ငါလေ..."

"ငါအရင်ပြောမယ်မယ်လွန်.. ငါသိခဲ့တယ်။ ငါငယ်ငယ်လေးကတည်းကသိခဲ့တယ်။ ငါကမကောင်းတဲ့သူတစ်ယောက်ပဲနော်"

နှင်းကပြော​နေရင်းနဲ့ကို'ရယ်'နေသည်။ တစ်ခုခုကိုမခံမရပ်နိုင်ဖြစ်နေသလိုပဲ။

"နင်နဲ့ဇိုးဘယ်လောက်ခင်ကြလဲဆိုတာငါမြင်နိုင်ခဲ့တယ်။ နင်ဇိုးအပေါ်ထားတဲ့ခံစားချက်ကိုရော ဇိုးနင့်အပေါ်ထားတဲ့ခံစားချက်ကိုရောငါမြင်ခဲ့တယ်။ မြင်နေရဲ့သားနဲ့ကိုငါလစ်လျူရှုခဲ့တယ်။ ဒီအတွက်ငါ့လုပ်ရပ်ကမှန်တယ်လို့ထင်ခဲ့တာ ငါတောင်းပန်ပါတယ်။ နင်နဲ့ဇိုးဒီလိုဖြစ်ရတာရော ငါနဲ့ဇိုးကြားမှာဖြစ်သွားခဲ့တာရော အားလုံးကငါ့ဘက်ကစတင်ခဲ့တာ ငါ့ကြောင့်နဲ့လွဲကုန်ကြတာ ငါတောင်းပန်ပါတယ်"

Fat Representation in♥Romance (Completed)Where stories live. Discover now