Chapter 37 ~I am not open to anybody~

1.3K 64 5
                                    

~I have friends.But why do I feel so along?~

🍂နှစ်ဆန်းတစ်ရက်နေ့✨

မနေ့ကကိစ္စကြောင့်အကုန်လုံးကစုံစုံလင်လင်တူတူရှိနေပေမယ့်အရင်လိုတစ်ယောက်တစ်ပေါက်နဲ့မဟုတ်တော့ဘဲငြိမ်နေသည်။ လူကြီးတွေကဒါကိုသတိထားမိတော့အချင်းချင်းမျက်စပစ်နေကြသည်။ ဒီနေ့တော့ဒီကိစ္စထက်သူတို့သက်ကြီးပူဇော်ပွဲကိုရွာကလူကြီးနဲ့ပူးပေါင်းဆောင်ရွက်ထားတာကြောင့်အဲဒီဘက်ကိုအရင်အားစိုက်လိုက်သည်။

ရွာကဘုန်းကြီးကျောင်းကိုရောက်လာတော့အလှူပေးနေကြတဲ့လူ​တွေရှိ​နေကြလို့လူတော်တော်များသည်။ အစီအစဥ်ကတော့သံဃာတော်တွေကိုနေ့စွမ်းကပ်ပြီးရင်သက်ကြီးပူဇော်ပွဲကိုဆက်ပြီးပြုလုပ်မှာဖြစ်သည်။ ဒါ​ကြောင့်ရွာကသူတွေအားလုံးကဘုန်းကြီးကျောင်းမှာစုနေတယ်လို့ပြောလို့ရသည်။

"သား..မေမေ့ကိုပြောပါဦး ဘာကြောင့်မျက်နှာမကောင်းတာလဲ"

"ဘာမှမဟုတ်ပါဘူး မေမေ"

"သေချာလား"

"ဟုတ်"

ဒေါ်နန်းမယ်တစ်ယောက်လည်းသားမျက်နှာကိုကြည့်တာနဲ့ဘာကိစ္စရှိလဲလို့ခန့်မှန်းသိနိုင်ပေမယ့်သူမသားကသူမကိုဘာမှမပြောလာတာကြောင့်အတင်းအကျပ်ကြီးမမေးတော့ဘဲလွှတ်ထားလိုက်သည်။

မေမေကအလုပ်ရှုပ်နေသေး၍သူ့ကိုဒီလောက်လေးပဲကျော်သွားပေးတာဖြစ်သည်။ မေမေလည်းသူ့ဘေးကထွက်သွားရောဇိုးကသူ့ဘေးကိုရောက်လာခဲ့သည်။ ပြီးတော့သူ့လက်ကိုကိုင်ပြီးအားပေးသည်။ သူငယ်ချင်းတွေကြားမှာဇိုးကသူ့ကိုအားငယ်နေမှာစိုးသည်ထင်သည်။ ဒါပေမယ့်ခုချိန်မှာမယ်လွန်ဟာဇိုးကိုမလိုအပ်ဘူး။ ဘယ်သူမှသူ့ဘေးမှာမရှိနေဘဲအေးအေးဆေးဆေးတစ်ယောက်တည်းရှိနေချင်နေသည်။

ဇိုးသူ့ဘေးကိုရောက်လာတော့သူ့ကိုကြည့်နေတဲ့သူတို့အကြောင်းကိုသိနေတဲ့သူ့သူငယ်ချင်းတွေရဲ့အကြည့်တွေကိုမယ်လွန်မခံချင်ဘူး။ ဒီအကြည့်ကသူ့ကိုလှောင်နေသလိုမျိုးပဲ။ ဒါဟာမယ်လွန်တစ်ကိုယ်ထဲအတွေးတွေသာဖြစ်သည်။ တစ်ကမ်းတမ်းသူ့သူငယ်ချင်းတွေကသူ့ကိုအဲ့လိုမျိုးဟုတ်ချင်မှလည်းဟုတ်နေလိမ့်မည်။ ဒါ​ပေမယ့်လည်းသူ့လက်ကိုကိုင်ထားတဲ့ဇိုးရဲ့လက်ကိုရုတ်တရက်ပုတ်ချလိုက်မိသည်။ သူလုပ်လိုက်ခဲ့ပြီးမှသူဘာလုပ်လိုက်လဲဆိုတာကခေါင်းထဲပြန်သတိရသွားသည်။

Fat Representation in♥Romance (Completed)Where stories live. Discover now