~That you are the only one I'll ever love~
နှင်းတစ်ချိန်ကဇိုးကိုဘယ်တော့မှလမ်းမခွဲပေးနိုင်ဘူးလို့ထင်ခဲ့မိသည်။ တစ်ကယ်တမ်းဘဝကစဥ်းစားထားတာတွေနဲ့ဖြစ်လာတွေကလက်တွေ့ကျလေ့မရှိဘူးဆိုတာကိုသိလိုက်ရသည်။ တစ်ကယ်လက်တွေ့မှာတော့ကိုယ့်ဘက်ကဘယ်လောက်ဘဲချစ်တယ်ပြောပြောသူ့ဘက်ကမချစ်ဘူးဆိုရင်တော့လက်လျော့လိုက်သင့်တာကိုနှင်းသဘောပေါက်လာသည်။ တစ်နေ့တစ်နေ့ဇိုးအရမ်းကိုပူလောင်နေသလိုသူမဘေးကနေခံစားမိနေသည်။ ငယ်ငယ်တုန်းကတော့ဇိုးရဲ့စိတ်ကမယ်လွန်ကိုချစ်ရတဲ့သူငယ်ချင်းအပေါ်ထားတဲ့စိတ်လို့ပဲမြင်ခဲ့သည်။ တစ်ဖြေးဖြေးနဲ့အပြုအမူတွေကဆန်းလာတော့ဒါကိုလည်းနားလည်ပေးနိုင်ခဲ့သေးသည်။ နောက်ပိုင်းကျတော့ဇိုးရဲ့အပြုအမူတိုင်းကသူ့ကိုထိခိုက်လာသည်။
ကျောင်းမှာဆိုလည်းကျောင်းမှာလိုဇိုးကမယ်လွန်နဲ့ဘာတွေလဲလို့လာလာမေးတတ်ကြသည်။ ရပ်ကွက်မှာဆိုရင်လည်းကစားကွင်းကအကြောင်းတွေကိုသူ့ကိုအသိပတ်ဝန်းကျင်တွေကစပ်စုသလိုဝေဖန်သလိုလာလာပြောကြသည်။ သူ့မှာလည်းဒီကိစ္စကိုလိုက်ရှင်းရတာအမောဖြစ်သည်။ ဇိုးရဲ့ရည်းစားဆိုတဲ့ခေါင်းစဥ်အောက်မှာရှိခဲ့ပေမယ့်တစ်ကယ်တမ်းချစ်သူရည်းစားဆန်တဲ့အပြုအမူမျိုးကိုဇိုးသူ့အပေါ်ဘာမှတောင်မလုပ်ခဲ့ဘူး။ အချိန်တွေကြာလာတော့ကောင်းကောင်းကြီးသိနားလည်လာခဲ့ရသည်။
သည်းခံနိုင်တယ်လို့ထင်ထားပေမယ့်အတိုင်းအတာကျော်လာတော့စွန့်လွှတ်တတ်လာသည်။ စွန့်လွှတ်လိုက်ရင်ခံစားရတာပေါ့သွားမလားအတွေးနဲ့ဖြစ်ပေမယ့်လောလောဆယ်တော့တော်တော်ခံစားရသည်။
သူချစ်ရတဲ့သူငယ်ချင်းကသူချစ်ရတဲ့ချစ်သူနဲ့ဖြစ်နေတာကြောင့်ခံစားချက်ကနည်းနည်းတော့အောင့်သက်သက်ဆန်သည်။ မယ်လွန်ကိုနှင်းနားလည်သလိုမယ်လွန်ရဲ့စိတ်ကလည်းဇိုးနဲ့ထပ်တူပဲဆိုတာကိုနှင်းသိသည်။ ဒါကိုလစ်လျူရှုခဲ့မိလို့သူမထပ်တူဝဋ်လည်လာတာများလားလို့ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေမိသည်။ တစ်ချိန်ကသူနဲ့မယ်လွန်ပြောခဲ့တဲ့စကားကိုတောင်ပြန်မှတ်မိသွားသည်။
YOU ARE READING
Fat Representation in♥Romance (Completed)
Romance"I LOVE YOU" I love you for all that you are, all that you have been and all that you will be~♥ မင်းရဲ့အရာအားလုံးကို ငါသဘောကျတယ်။ ဒါပေမယ့် ငါ့ရဲ့အရာအားလုံးကိုတော့ ငါမုန်းတယ်။ မင်းရဲ့အမြင်မှာ ငါကဆိုးသွမ်းနေလောက်မယ်ဆိုတာသိတယ်။ ဒါပေမယ့် မင်းမသိတာတစ်ခုက...