Chapter 31 ~I'm glad you can be happy without me~

1.4K 72 9
                                    

~I no longer expect happiness because I know I do not deserve it.~

ဖေဖေမေ​မေတို့ကိုခွင့်တောင်းပြီးသူရဲ့ငယ်သူငယ်ချင်းကြီးတွေရဲ့လမ်းပြမှုနဲ့မယ်လွန်တို့တစ်ဖွဲ့လုံးရေတံခွန်ကိုရောက်လာကြသည်။ မနက်ပိုင်းကိုရွာဦးစေတီဘက်မှာမေမေဖေဖေတို့နဲ့လိုက်သွားပြီးကုသိုလ်ပြုဖြစ်သည်။ နေ့လယ်ပိုင်းမို့အရမ်းပူတာကြောင့်ခဏနားပြီးတာနဲ့ညနေဘက်ကိုထွက်လာကြတာဖြစ်သည်။ ရွာကရေတံခွန်ကြီးကအရိုင်းဆန်နေပေမယ့်ရေကကြည်လင်အေးစက်ပြီးပတ်ပတ်လည်မှာသစ်ပင်ကြီးပန်းပင်ပေါက်ငယ်လေးတွေအများကြီးရှိသည်။ သွားရောက်တဲ့သူတွေနေ့တိုင်းရှိလို့လမ်းပေါက်ကာအဆင်ပြေသည်။

သိပ်အနီးကြီးမဟုတ်တော့လမ်းလျှောက်ရတာနဲ့တင်ကိုတော်တော်လေးမောဟိုက်နေပြီမို့ရေထဲသာဒိုင်ဗင်ပစ်ခုန်ချလိုက်ချင်တော့သည်။

"မောနေကြပြီလား။ ဒီလောက်အကွာအဝေးကဘာမှမဟုတ်သေးဘူးနော်"

မိုးခရမ်းကသူတို့ကိုခနဲ့သလိုနဲ့ပြောလာသည်။ ဒါပေမယ့်ဘယ်သူမှမိုးခရမ်းစကားကိုပြန်မချေပနိုင်လောက်အောင်မောနေကြပြီဖြစ်သည်။

"ရောက်တော့မယ်။ နင်တို့ကိုကြည့်ရတာငါမောပါတယ်"

"နင့်လိုနေ့တိုင်းလာနေတဲ့သူတွေမှမဟုတ်တာလို့"

"သိပါပြီ။ နည်းနည်းလေးပဲဆက်တောင့်ထား ရောက်ပြီ"

မိုးခရမ်းစကားကြောင့်တစ်ဖွဲ့လုံးအားတက်သွားပြီးခပ်သွက်သွက်လျှောက်ဖြစ်ကြသည်။ ရောက်သွားတဲ့နေရာကိုကြည့်လိုက်တော့သူတို့ပင်ပန်းလာခဲ့ရသမျှတန်သွားတယ်လို့တွေးလိုက်သည်။

"တော်တော်လေးမိုက်တယ်"

အင်းစက်ကစပြောသည်။

"ဒီနေရာမှာဒီလောက်လှတဲ့ရေတံခွန်ရှိမယ်မှန်းမထင်ခဲ့ဘူး"

ခန်းဆက်ကဆက်ပြောသည်။ ဒါကိုမိုးခရမ်းကမကျေနပ်သလိုပြန်ကြည့်သည်။

"အထင်သေးတာလား။ နောက်လှတဲ့နေရာတွေရှိသေးတယ်"

ရွာဆိုပြီးအထင်မသေးစေချင်ဘူး။ မြို့လိုလောက်တော့လည်းအထင်ကြီးပေးဖို့မလိုဘူး။ လူတိုင်းကကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်ကကိုယ့်အတွက်အကောင်းဆုံးအလှဆုံးလို့မြင်ကြတာတွေကြီးပဲဖြစ်သည်။ ငယ်ငယ်လေးထဲကကြီးပြင်းလာခဲ့ရတဲ့မိုးခရမ်းနဲ့ထွန်းကိုတို့အတွက်ကဒီနေရာကအလှဆုံးဖြစ်သည်။

Fat Representation in♥Romance (Completed)Where stories live. Discover now