~I don't want to see your loneliness.~
သူခြေလှမ်းတွေကရှေ့ကိုမြန်မြန်ဆန်ဆန်ရောက်နေပေမယ့်သူ့စိတ်ကနောက်ဘက်ကိုလွန်ဆွဲကာတစ်နေရာမှာပဲရောက်လို့နေသည်။ အဆင်ပြေပါ့မလားလို့စိုးရိမ်ပူပန်မှုကပိုရင်ပိုလာသလောက်ဂျက်ခ်ရဲ့စိတ်ထဲမှာပိုပြီးတော့နေမထိထိုင်မထိဖြစ်ရသည်။ သောကြာကသူ့ရဲ့အကူအညီကိုမလိုအပ်ဘူးလို့ပြောထားတာကြောင့်သူ့ကိုယ်သူလွန်စွာထိန်းချုပ်နေရသည်။
ဒါပေမယ့်သူ့ရဲ့ထိန်းချုပ်မှုအတိုင်းအတာဟာဂရုစိုက်ရတဲ့သူမျက်နှာတစ်ချက်ညိုးသွားတဲ့အချိန်မှာပျောက်ကွယ်သွားတော့သည်။
"ဂျက်ခ်.."
"Yes, of course I'm"
"ငါ့ကိုပြန်ချပေး.. ငါ့ဘာသာလျှောက်မယ်။ ချပေး"
"Why can't you let me...why??"
"ငါလျှောက်နိုင်ပါသေးတယ်"
သူဘာကြောင့်လိမ်ပြောနေမိတာလဲ။ တစ်ကယ်ဆိုခြေတစ်ဖက်ကောင်းကောင်းမြှောက်နိုင်ဖို့အင်းအားတစ်ခွန်းတစ်စမျှသာကျန်တော့တဲ့အခြေအနေမှာတောင်သူ့စိတ်ကအလျှော့မပေးနိုင်ပဲတင်းထားဆဲပဲ..ဘာကြောင့်လဲ။ ဂျက်ခ်ဆီကအကူအညီကိုသူလိုလားခဲ့တာပဲလေ။
"Helping you as only just normal friends. So don't worry"
ဂျက်ခ်ရဲ့မျက်နှာကိုသောကြာမမြင်ရဘူး။ သူ့ကိုပိုးထားတဲ့ကျယ်ပြန့်လှတဲ့ကျောပြင်ကိုပဲသောကြာငေးကြည့်ပိုင်ခွင့်ရှိနေသည်။ သောကြာကအရင်လိုမြန်မာစကားကိုကြိုးစားပြီးမပြောတော့ဘူး။ သူနဲ့ဆိုမပီတဲ့အသံနဲ့မရမကကြိုးစားပြောလေ့ရှိတဲ့အဲ့လိုစကားတွေကိုသောကြာမကြားရတော့ဘူး။
ဒီလောက်နဲ့ပဲသူတို့စကားစပြတ်သွားခဲ့ပြီးအဆင်းလမ်းတစ်လျှောက်လုံးပြန်တိတ်ဆိတ်သွားခဲ့သည်။ သူ့ခန္တာကိုယ်ကအပေါ့ကြီးမဟုတ်တာမို့ဂျက်ခ်ကိုအားနာနေမိသည်။ ကျောပေါ်မှာရှိနေတဲ့တစ်ချိန်လုံးသူအသက်တစ်ချက်ချက်အောင့်ထားမိနေသည်။ ကောင်းကောင်းမလှုပ်ရှားရဲဘဲသူမတော်တဆဖက်ထားမိတဲ့ဂျက်ခ်ရဲ့လည်ပင်းကိုသာဖွဖွလေးနဲ့မလွတ်တမ်းဖက်ထားမိသည်။
YOU ARE READING
Fat Representation in♥Romance (Completed)
Romance"I LOVE YOU" I love you for all that you are, all that you have been and all that you will be~♥ မင်းရဲ့အရာအားလုံးကို ငါသဘောကျတယ်။ ဒါပေမယ့် ငါ့ရဲ့အရာအားလုံးကိုတော့ ငါမုန်းတယ်။ မင်းရဲ့အမြင်မှာ ငါကဆိုးသွမ်းနေလောက်မယ်ဆိုတာသိတယ်။ ဒါပေမယ့် မင်းမသိတာတစ်ခုက...