Chapter 19 ~I give you all of me~

1.8K 114 4
                                    

~And you give me all of you~

ဇိုးနဲ့သူကစားကွင်းရောက်လာတော့ဟိုတစ်ခေါက်ကမိတ်ဆက်ခဲ့တဲ့သူတွေနဲ့တွေ့ရသည်။ ဇိုးကတော့သူတို့ဘော်ဒါရင်းမို့လက်ချင်းရိုက်ပြီးပခုံးချင်းတိုက်ကာနှုတ်ဆက်ကြသည်။ မယ်လွန်လည်းသူတို့လိုလုပ်လုပ်ဖို့ကမဖြစ်နိုင်တော့ဒီတိုင်းသွားဖြဲပြကာပြုံးရယ်ပြလိုက်သည်။ ဟိုကလည်းသူ့ကိုအဟုတ်အမှန်ကြီးတွေမျှော်နေတာလို့ပြောနေသေးသည်။

"မင်းကခေါ်လာမယ်ဆိုပြီးပျောက်သွားတာပဲ"

"ခုခေါ်လာပြီလေ။ နေပါဦးမင်းတို့ကဘာလို့သူ့ကိုအဲ့လောက်တောင်တွေ့ချင်နေရတာလဲ"

"သူငယ်ချင်းတွေပဲကို.. သူကချစ်ဖို့ကောင်းတော့ခင်ချင်တာပေါ့"

"တော် တော် သူ့ကိုလိုက်မစနဲ့"

"သူတုံ့ပြန်တာလေးကချစ်ဖို့ကောင်းတယ်။ မင်းကလည်းတွန့်တိုတာကွာ "

"မထိနဲ့။ သူကငါ့အပိုင်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ မထိနဲ့ဆိုတော့လည်းမထိဘူးပေါ့။ အပိုင်ဆိုပဲနော်"

"ဟုတ်ပကွာ။ ရည်းစားငုတ်တုတ်ကြီးနဲ့သူကပိုင်ဆိုင်ကြောင်းတွေပြနေတာ"

မယ်လွန်နဲ့ဝေးရာမှာမို့သူတို့ပြောတာမယ်လွန်မကြားနိုင်ပေမယ့်ဇိုးတစ်ယောက်တော့သူတို့ပြောတဲ့စကားတွေကိုကောင်းကောင်းကြီးကြားနိုင်နေသည်။ ကြားနေရတဲ့အကြောင်းအရာတွေကလည်းအမှန်တရားဖြစ်နေတာကြောင့်သူကနှင်းနဲ့မယ်လွန်ကြားမှာမဝေခွဲနိုင်ဘဲရှိနေတာဖြစ်မှန်းတဖြေးဖြေးသဘောပေါက်လာသည်။ ဟိုကောင်တွေကတစ်ပွဲဝင်မနွှဲဘူးလားလို့မေးလာတာကိုခေါင်းခါပြလိုက်ပြီးသူနဲ့မယ်လွန်ဘေးလေးမှာတင်ရပ်ကြည့်နေခဲ့သည်။

နှင်းကအခုသူ့ချစ်သူဆို​ပေမယ့်သူငယ်ချင်းတစ်ယောက်လိုပဲဇိုးသဘောထားနိုင်သည်။ မယ်လွန်ကိုတော့ရှိရှင်းစွဲသူငယ်ချင်းသံဃောဇဥ်ထက်ကိုတော့သူ့စိတ်ကပိုနေမှန်းဇိုးသူ့ကိုယ်သူသိသည်။ သူတို့နှစ်ယောက်ကြားမှာဇိုးဘယ်လိုရွေးချယ်ရမယ်ကိုဝေခွဲရခက်နေသည်။

Fat Representation in♥Romance (Completed)Where stories live. Discover now