Ch 14 လွန်ဆွဲနေသောအတွေးများ

2.8K 333 41
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 14 💎ღ { လွန်ဆွဲနေသော အတွေးများ }

ဥယျာဥ်တော်မှအပြန်တွင် မင်းသားကျန့်က သူ့အားနန်းဆောင်ပြန်ပို့ရန်ပြင်သည်။
သူမပြန်ချင်သေးကြောင်းပြောသော်လည်း အဆောင်ပြန်ကာနားခိုင်းသည်။
အကြောင်းမှာ ဥယျာဥ်တော်အနောက်ဘက်ရှိ သစ်သားဂိုထောင်တွင် ခွဲထားသောထင်းများအား သွားရောက်စစ်ဆေးရန် မင်းသားကျန့်တာဝန်ရှိနေသေးသောကြောင့်ပင်။
မခွဲထားသောသစ်ကိုင်းများဖြစ်ဖြစ် အရည်အသွေးမကောင်းသောသစ်ကိုင်းများဖြစ်ဖြစ် ရောပါနေလျှင် ရွေးထုတ်ရပြီး စားဖိုဆောင်မှလာသယ်ယူကြပါက အဆင်သင့်ဖြစ်နေရန်လိုအပ်သည်။

ထိုသို့သောနေရာအား ရှောင်ဝမ့်ကိုခေါ်သွားရန် မင်းသားကျန့်မလိုလား။
အရင်တစ်ခါကနဲ့တင် သစ်နံ့များသိပ်သည်းနေသောဂိုထောင်ငယ်များ၌ ရှောင်ဝမ်မနေနိုင်တာသိသာသည်။
ထို့ကြောင့်နန်းဆောင်ကိုပြန်ပို့ပေးရန်ပြင်ရခြင်းဖြစ်သည်။
သို့သော် ရှောင်ဝမ်ကသူ့ကိုပဲကပ်နေကာ ပျင်းလို့ဟုအကြောင်းပြ၍ သူသွားသည့်နောက်လိုက်မည်ဆိုကာ မပြန်ချေ။
နောက်ဆုံးတော့လည်း မင်းသားကျန့်သူ့အားခေါ်ခဲ့လိုက်ရသည်။

အနောက်ဘက်တောအုပ်ကတော့ ထုံးစံအတိုင်းအုံ့မှိုင်းမှိုင်းပင်ဖြစ်သည်။
သစ်ရိပ်ဝါးရိပ်အောက်အေးမြတာထက်ကိုပိုအေးမြနေပြီး တိုက်ခတ်လာသောလေများကလည်းအေးချမ်းလှသည်မှာ ပတ်ဝန်းကျင်နှင့်ပင်လိုက်ဖက်လှသည်။
ဂိုထောင်များတန်းစီရှိနေရာ လျှောက်သွားလိုက်ကြပြီး အရင်ဆုံးသစ်သားသိုလှောင်ခန်းတစ်ခုထဲ မင်းသားကျန့်ဝင်သွားလိုက်၏။
ရိပေါ်လည်းလိုက်ဝင်မယ်ကြံတုန်း ထင်းခြောက်နံ့များကသူ့နှာခေါင်းထဲရောက်ကာ အဆင်မပြေတော့ချေ။
သူ့မှာနှာခေါင်းအုပ်ရန်ပုဝါမပါသည့်အဆုံး ဝတ်ရုံလက်လေးဖြင့်ကာကာ အထဲလိုက်ဝင်သွားလိုက်သည်။

ထင်းခြောက်များကစုပုံစီရီနေ၍ မင်းသားကျန့်လိုက်လံစစ်ဆေးနေချိန် အပေါက်များဖြစ်နေသောသိုလှောင်ခန်း၏နံရံများသို့ ရိပေါ်လိုက်ကြည့်နေမိသည်။
နေရောင်ခြည်ကထိုအပေါက်ငယ်များမှထွင်းဖောက်ပြီး အထဲသို့ကျရောက်နေသောကြောင့် မမှောင်ပဲအခန်းလေးကလင်းနေ၏။
အလင်းတန်းဖြူဖြူတွင်ရောပါနေသော နေရောင်ထဲမှအမှုန်လေးများကိုပင်တွေ့နေရသည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now