75 ဧကရာဇ်တစ်ပါးထွက်ပေါ်လာခြင်း

3.7K 266 22
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 75 💎ღ { ဧကရာဇ်တစ်ပါး ထွက်ပေါ်လာခြင်း }

ဤသို့ဤနှယ်အပိုင်းလေးပိုင်းလေးပိုင်းသည် အရှေ့ပိုင်းထံခိုဝင်လာကြ၍ ခေတ်ကာလအပြောင်းအလဲဖြစ်လာလေသည်။

မူလအပိုင်းလေးပိုင်းဟူ၍ကွဲထွက်စဥ်အခါက လူအမဒုက္ခပြား ဒုက္ခရောက်ခဲ့ကြသလို မိသားစုဆွေမျိုးသဂ်ဟများလည်းကွဲခဲ့ရသည်။
ယခုတွင်အပိုင်းလေးပိုင်းပေါင်းစည်းရေးပြန်လည်အစပြုလာသည်ကို မည်သူကမလိုက်လျောချင်ရှိအံ့နည်း။

ယခင်ကလိုကာလဆိုးကြီးနှင့်မကြုံဆုံချင်တော့၍၊ နယ်စပ်ပြဿနာများကြောင့်အပိုင်းလေးပိုင်း မကြာခဏဆိုသလို ခိုက်ရန်မဖြစ်ချင်တော့၍၊ အရေးရေးတို့တွင်လည်း အလွယ်တကူကူးသန်းဖလှယ်နိုင်ရေးတို့ကြောင့် ထိုသို့ကြီးမားသည့်အခွင့်အလန်းကြီးအား လူတစ်ထောင်တွင်ကိုးရာကိုးဆယ့်နှင့်ကိုးယောက်နဲ့တစ်ဝက်လောက်က သဘောတူလက်ခံချင်ကြမှာအမှန်။

တောင်ပိုင်းအားပွဲသိမ်းအနိုင်ရပြီးသော် အနောက်ပိုင်းကိုလည်းသိမ်းယူရရှိခဲ့ပြီးနောက် မင်းသားကျန့်သည် အနောက်ပိုင်းပြည်၏ထီးနန်းအားဆက်ခံရန်တာဝန်ကား အလိုလိုကျလာသည်မှာမကြာပေ။

အနောက်ပိုင်းဘုရင်ဟောင်း၏သေတမ်းစာနှင့်ဟောပြချက်အမှာစကားအရလည်း ဧကရာဇ်တစ်ပါးပင်ဖြစ်လာမည့် မိမိတို့၏ဘုရင်သစ်ကို
အနောက်ပိုင်းသားများကလည်း သူတို့၏ဘုရင်သစ်သည် မည်မျှလောက်အင်အားကြီးမားပုံအား သိလိုကြ၍ မျှော်လင့်တကြီးစောင့်မျှော်နေကြသည်။

တောင်ပိုင်းဘုရင်အားမင်းသားကျန့်အနိုင်ရခဲ့သည်ကလည်း တောင်ပိုင်းတွင်ပြောစမတ်ရာဇဝင်တွင်သွားကာ တောင်ပိုင်းသားများကလည်း သူတို့၏ဘုရင်သစ်ဖြစ်သူ၏အရည်အချင်းများကိုသိရပြီးသော် အနောက်ပိုင်းနှင့်အပြိုင် သူ့ထက်ငါဦးအောင်ပင့်ဆောင်ကာနန်းတက်စေချင်နေကြသည်။

ကြားထဲကအရှေ့ပိုင်းသားများကတော့ အာရုံထွေပြားစွာနှင့် မိမိတို့၏လက်ရှိဘုရင်ငယ်လေးနှင့် တောင်ပိုင်းနှင့်အနောက်ပိုင်းအသီးသီးက စိတ်လှုပ်ရှားစွာအလားတူ အပ်နှင်းလာကြကုန်သော အပိုင်းနှစ်ပိုင်းအားပိုင်ဆိုင်ရမည့်ဘုရင် 'မိမိတို့တိုင်းပြည်၏သတ္တမမင်းသား'တို့ မည်သူကအင်အားပိုကြီးပြီးမည်သူ့ကို အသိအမှတ်ပြုရမှန်းမသိ ယောင်ဝါးလာကြရသည်။
သတ္တမမင်းသားအတွက်ဝမ်းသာဝမ်းမြောက်ဖြစ်ကြရသလိုလဲ ဘုရင်ငယ်လေးအတွက်လည်း နောင်တော်ဖြစ်သူနှင့်ပြိုင်ဖက်များဖြစ်လာမည်ကို စိုးရိမ်နေကြပြန်၏။
အမျိုးမျိုးသောလူအများသည် အမျိုးမျိုးသောအတွေးများဖြင့်သာ။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now