74 တောင်ပိုင်းနှင့်အနောက်ပိုင်းအညံ့ခံရ

2.2K 240 35
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 74 💎ღ { တောင်ပိုင်းနှင့်အနောက်ပိုင်းအညံ့ခံရခြင်း }

တောင်ပိုင်းဘုရင်၏တောင်းဆိုချက်အား မင်းသားကျန့်နှင့်တိုင်ပင်ကာ ဝမ်ရိပေါ်လက်ခံခဲ့သည်။
ယှဥ်ပြိုင်စေမည့်သူကသူမဟုတ်ပဲ မင်းသားကျန့်ဖြစ်သောကြောင့်သာ အရင်ဆုံးတိုပင်ကြည့်ရသေး၏။

သူရည်ရွယ်သည်ကလည်း နဂိုကတည်းကကောကောထံ ကျန်အပိုင်းသုံးပိုင်းအညံ့ခံလာရန်ဖြစ်၍ ဤပွဲတွင်သူဇာတ်လိုက်မဟုတ်ပေ။
သူကကောကောအတွက်လမ်းခင်းပေးရုံသက်သက်သာ။

" ရှောင်ဝမ် "

စာကြည့်ခန်းထဲ ဝမ်ရိပေါ်စာအုပ်တစ်အုပ်အားဖတ်နေစဥ်ဖြစ်သည်။

မင်းသားကျန့်ဝင်လာတော့မှမော့ကြည့်မိ၏။

" ကောကော "

မင်းသားကျန့် သူ့အနားလျှောက်လာ၍ စာကြည့်စားပွဲပေါ်လက်ထောက်လိုက်ကာ ကျန်လက်တစ်ဖက်ကတော့ ပန်းလေးတစ်ပွင့်ကိုင်လျက်။

ထိုပန်းလေးအားလှည့်နေကာ အကြည့်ကတော့ရှောင်ဝမ့်ထံ၌သာ။

" မက်မွန်ပွင့်တွေပွင့်နေပြီ ဥယျာဥ်တော်ဘက်သွားကြမလား "

ရိပေါ်ဖတ်လက်စစာအုပ်အားပိတ်လိုက်၍ မတ်တပ်ထရပ်လိုက်သည်။
သူကောကောအား သေချာကြည့်လိုက်ပြီးမှ မင်းသားကျန့်လက်ထဲကပန်းပွင့်လေးကို လှမ်းယူ၏။

ထို့နောက်ရုပ်တည်ကြီးဖြင့်...

" ဒီနေ့ပဲတောင်ပိုင်းဘုရင်​ရောက်လာမှာမဟုတ်ဘူးလား ဓားရေးမကျင့်ပဲနဲ့ ဘယ်ဥယျာဥ်တော်ကိုများသွားချင်နေသေးတာလဲ "

မင်းသားကျန့် မျက်လုံးကစားလိုက်ရင်တစ်ခုခုကိုအမြန်စဥ်းစားနေသည်။

" အဟမ်း...ဟို...ကိုယ်ကဥယျာဥ်တော်ဘက်မရောက်တာကြာလို့ပါ "

" ဒါဖြင့်တစ်ယောက်တည်းသွားလေ "

ဝမ်ရိပေါ် ပန်းပွင့်လေးကိုမင်းသားကျန့်လက်ထဲပြန်ထည့်ပေးလိုက်ပြီး တစ်ဖက်လှည့်ကာတံခါးပေါက်ရှိရာထွက်သွားလေသည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Donde viven las historias. Descúbrelo ahora