69 ဘုရင်ငယ်၏ပါးနပ်မှု

2K 225 24
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 69 💎ღ { ဘုရင်ငယ်၏ပါးနပ်မှု }

သခင်ဖြစ်သူ၏ခိုင်းစေချက်အရ ရှောင်လန်နှင့်မန်ထိုတို့သည် ထိုညချင်းပဲလူသူတိတ်ချိန်တွင် နန်း​တော်မှထွက်လာခဲ့ကြကာ နန်းတော်နှင့်အနီးဆုံးသောမြို့တော်များအားတိတ်တဆိတ်သွားရောက်၍ အိမ်ပေါက်စေ့တိုင်းရှေ့တွင်စာတစ်စောင်စီထားရှိခဲ့သည်။

ထိုစာထဲ၌ ပြည်သူပြည်သားများအားနှစ်ပတ်တိတိအိမ်ပြင်မထွက်ရန်နှင့် လိုအပ်သည့်ဆန်ဆီဆားများပြင်ဆင်ထားကြရန်၊ ထူးဆန်းသည့်မည်သည့်အသံကြားကြားထွက်မကြည့်မိရန်တို့အရေးကြီးကြောင်းများဖော်ပြထားသည်။
အချိန်နှစ်ပတ်လွန်မြောက်ပြီးကာမှ အပြင်ထွက်ပါရန်အမိန့်ချလိုက်၏။
သူ၏တံဆိပ်တုံးဖြင့်မို့ နန်းတော်ကစာလွှာမှန်းသိပါက မည်သူမျှမလိုက်နာပဲ​နေမည်မဟုတ်။

ညီလာခံတွင်လည်း မြောက်ပိုင်းသားတို့ကသူ့ကိုပဲခိုင်းစေရန်နှင့်သူ့ဦးနှောက်ကိုဖောက်စားရန်သာကြံစည်နေခဲ့သည်။
မြောက်ပိုင်းဘုရင်၏အားကိုးရသောအမတ်ချုပ်ကြီးနှင့်အိမ်ရှေ့စံက မြောက်ပိုင်းတွင်သာကျန်ခဲ့၍ ထိုဘုရင်သူများတိုင်းပြည်မှာလာပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်။

ရှောင်းအဘိုးကြီးနှင့်မြောက်ပိုင်းစစ်သူကြီးတို့ကသာ ညီလာခံတွင်အများဆုံးဆွေးနွေးလျှောက်တင်လာကြသူများဖြစ်၏။
သူတို့၏ရည်ရွယ်ချက်များထဲ သူ့ကိုပင်ခေါင်းကိုက်စေပြီး လက်နက်အင်အားတိုးမြှင့်ရန်လည်း ဘဏ္ဍာတိုက်ကိုအချောင်လာဖွင့်ခိုင်းသေးကြသည်။
အခုလက်ရှိသူ့ဘဝကလည်း သူများလက်ထဲက,နေရသောရုပ်သေးရုပ်သာဖြစ်ကာ သူနှင့်နန်းတော်ကိုမြောက်ပိုင်းသားများက ခြယ်လှယ်နေပြီးဖြစ်နေသည်။

ခမည်းတော်နန်းသက်တစ်သက်လုံး ထိန်းသိမ်းစောင့်ရှောက်လာ​ရသော နန်းတော်၏ဘဏ္ဍာတိုက်ကိုသူရူးနေမှသာဖွင့်ပေးလိမ့်မည်။
ထို့ကြောင့်စကားလမ်းကြောင်းကိုလွှဲကာ သူတို့သွားရည်ကျစေမည့် စစ်နည်းဗျူဟာအချို့ကိုပေးလိုက်၏။
နည်းကားရိုးရှင်းလှပါသည်။
ကျန်ရှိသေးသည့်တစ်ပိုင်းတည်းသော တောင်ပိုင်းအားမဟာမိတ်သွားရောက်ဖွဲ့လိုက်ရန်သာ။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Donde viven las historias. Descúbrelo ahora