61 မမျှော်လင့်သောအခြအနေများ

2.4K 269 14
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 61 💎ღ
{မမျှော်လင့်သောအခြေအနေများ }

နောက်ဆုံးတော့ သူတော်ကောင်းလေးဖြစ်တဲ့သူကပဲ ရန်သူတွေမုန်းသူတွေဘာတွေဘေးထားပြီး အရှက်ကွဲအကျိုးနည်းခါနီးမိန်းကလေးတစ်ယောက်သာဖြစ်၍ကယ်တင်ရန်ဆုံးဖြတ်လိုက်သည်။

မင်းသမီးချင်အနားရောက်နေသောသူက ဓားဖျားဖြင့်သူမ,မေးကိုမော့စေကာ အကျင့်ယုတ်စွာပြုံးနေ၏။
မင်းသမီးချင်လည်းရတဲ့အခွင့်အရေးကိုအသုံးချကာ မြေပြင်ပေါ်ထောက်ကျနေသည့်လက်နှင့်သဲတစ်ဆုပ်ကျုံး၍ သူမနှင့်နီးကပ်နေသောထိုသူ့မျက်နှာအား အညှာအတာမရှိပတ်လိုက်တော့သည်။

အား..ခနဲအော်သံနှင့်အတူ ထိုလူနောက်ဆုတ်သွားချိန် မင်းသမီးချင်အမြန်ထကာလှည့်ပြေး၏။

"လိုက်ကြစမ်း! "

ကျန်နှစ်ယောက်လည်း ပြေးသွားသောသူမနောက်လိုက်ဖမ်းကြရာ မိန်းကလေးတစ်ယောက်အနေဖြင့် ယောက်ျားနှစ်ယောက်အားမယှဥ်နိုင်ပေ။
လူနှစ်ကသူမအားဆွဲခေါ်သွားတာတောင် သူမလည်းအံကိုကြတ်ရင်းတုန်ယင်နေရင်းပင် ကျိန်းသေးသည်။

" လွှတ်ကြစမ်း! နင်တို့သေချင်နေတာလား "

သူမ၏စကားကအချည်းနှီးသာ။
မကြာခင်သူမသဲနှင့်ပတ်ခဲ့သောလူရှေ့ တွန်းပို့ခံလိုက်ရသည်။
ဟိုလူကတော့သူမအားဝါးစားမတက်ဒေါသထွက်နေ၏။

" မင်းကငါ့ကိုသဲနဲ့ပတ်တယ်ပေါ့ ဟေ့ကောင်တွေသူ့ကိုချုပ်ထားကြ "

ဘေးကနှစ်ယောက်ချုပ်လိုက်တာနဲ့ ထိုသူ၏လက်က လှပသေသပ်နေသောမင်းသမီးချင်၏ပါးပြင်သို့ကျရောက်သွားသည်။
ဖြောင်းခနဲမြည်သံနှင့်အတူ မင်းသမီး၏မျက်မှာတစ်ပတ်လည်သွား၏။
ထိုလက်ကသူမ၏ခါးစည်းကြိုးစီလာထိတာသိလိုက်ရတော့ သူမဒေါသများကငယ်ထိပ်အထိရောက်သွားရသည်။
သို့ပေမယ့်မိန်းကလေးတစ်ယောက်၏လမ်းကဆုံးနေပြီမို့ သူမအော်ရန်သာတက်နိုင်တော့၏။

" ကယ်ကြပါအုံး! တစ်ယောက်လောက်ကယ်ကြပါ! "

သူ့ရှေ့ကလူယုတ်မာအပြုံးနှင့်လူဟားတိုက်ရယ်ကာ ပြဲနေသည့်ဝတ်ရုံလက်အားစုတ်ဖြဲပစ်ထုတ်လိုက်သည်။
ထို့နောက်သူ၏လက်က..

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now