32 , 33

2.7K 300 28
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 32 💎ღ
{မိဖုရားကြီးအားဆန့်ကျင်မိသောအိမ်ရှေ့စံ}

မနေ့ညက နန်းဆောင်ကိုပြန်ရောက်ပြီးကတည်းကစ၍ တစ်ညလုံးအိပ်မပျော်နိုင်ပဲ ဝမ်ရိပေါ်မျက်စိတွေကြောင်လို့နေသည်။
သူမျက်စိမှိတ်လိုက်တာနဲ့ ကျန့်ကောကောရဲ့မျက်နှာကပေါ်ပေါ်လာပြီး အတွေးတွေကလည်းဦးတည်ရာမရှိခြေဆန့်ဆန့်မိခဲ့သည်။
အဓိကက ထိုမျှရှက်စရာကောင်းသည့်ဖြစ်ရပ်က ချစ်သူလက်ထဲမှပဲဖြစ်မိသွားတော့ သူမျက်နှာပူလို့မဆုံးသေးပေ။

ကျန့်ကောကောပြောခဲ့သည့်စကားကြောင့်လည်း နားတွေအခုထိပူထူနေတုန်းပင်။
ဟုတ်ပါသည်။ 'ကျန့်ကောကော'ဆိုသည်မှာ ကောကောကသူ့ကို အဲ့လိုခေါ်ပါဟုပြောသွားခြင်းကြောင့် ပြောင်းခေါ်ရတော့ပေမည်။
ညကသူ့ကိုအဆောင်အထိပြန်လိုက်ပို့ပေးခဲ့ပြီး မနက်ကျလာတွေ့မယ်ဟုပြောသွားခဲ့သည်။
ရိပေါ် ဘယ်လောက်ပဲမျက်နှာထူပါစေအုံး ချစ်ရသူနှင့်ဆိုလျှင်တော့ ချွင်းချက်ဟုဆိုရမည်။
အရင်ကသူကပဲတစ်ဖက်သတ်ချစ်နေရတယ်ဟုထင်တုန်းကတော့ အရှက်မရှိသွားဖက်လိုက် အလစ်နမ်းလိုက်လုပ်နိုင်ပေမယ့် အခုကတော့သူလည်းဝန်ခံလာပြီးမို့ အချစ်အား အနည်းနှင့်အများတော့ရှိန်မိ၏။
လူပျိုစစ်စစ်ရေမရောသော ဝမ်ရိပေါ်လေးမှာ အခုမှရကာစချစ်သူလေးနှင့် အလယ်အလတ်အဆင့်ထိရောက်ခဲ့သည်ဆိုတော့ ရှက်လည်းရှက်ပျော်လည်းပျော်နေသည်မှာ သဘာဝကျပါသည်။

ထို့ကြောင့်တစ်ညလုံးအိပ်မပျော်နိုင်မှုက သူ့အားကြီးစိုးသွားခဲ့ကာ အမှောင်ထုကြီးထဲတွင်တောင် ချစ်သူမျက်နှာလေးမြင်ယောင်မိနေ၍ ကျန့်ကောကောကပဲသူ့အတွေးများကို စိုးမိုးနေခဲ့လေသည်။

တစ်ဖက်၌လည်း မင်းသားကျန့်အိပ်ယာမှနိုးနိုးချင်း ရှောင်ဝမ့်အဆောင်အားသွားရန်ပြင်ဆင်လို့နေသည်။
အိပ်ယာနိုးနိူးချင်းဆို၍ အိပ်ပျော်သည်ဟုမထင်လိုက်ကြပါနှင့်။
သူလည်းအိပ်မပျော်ခဲ့ပေ။
ကြာကန်ဘေးဝယ်ကြာပန်းများခြံရံကာ နမ်းရှိုက်ခဲ့ကြပါသော သူနှင့်ရှောင်ဝမ်တို့ရဲ့ပုံရိပ်တွေကိုသူပြန်တမ်းတနေမိကာ ညကမှေးခနဲအိပ်ပျော်သွားစဉ် မသင့်သောအိပ်မက်ကနှောင့်ယှက်သောကြောင့် သူအဆင်မပြေစွာပဲ ညလယ်ခေါင်ကြီးနိုးလာခဲ့ရသည်။
ထိုမှစ ဆက်မအိပ်တော့ပဲမနက်နေထွက်လာသည်အထိမျက်လုံးသာဖွင့်နေခဲ့ရ၏။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now