Unicode
—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 29 💎ღ { အိမ်ရှေ့စံ၏အမိန့်တော် }
" အိုက်ယား..ပြေးရတာ မောလို့သေတော့မှာပဲ "
ဝမ်ရိပေါ်တစ်ယောက် မျက်နှာတွေပူထူနေပြီး တစ်ကိုယ်လုံးလည်းထူပူနေသောကြောင့် ပြေးတာပါရော၍ချွေးတသီးသီးဖြစ်နေသည်။
ကံကောင်းလို့ဟိုနှစ်ယောက်အလုပ်ရှုပ်နေတုန်း ပြတင်းပေါက်ကခုန်ဆင်းပြီးထွက်ပြေးလာခဲ့တာ မင်းသားကျန့်တောင်ဘယ်နားကျန်ခဲ့လဲမသိ။
အစက အနမ်းထဲနစ်မြောနေပေမယ့် နောက်မှဘာလုပ်နေကြမှန်းသတိထားမိတော့ ထိုအနမ်းကြောင့်ပဲသူစိတ်တွေမပြင်းပြလာခင် အမြန်ရပ်တန့်ရန်ဆုံးဖြတ်ခဲ့ရသည်။
ထို့ကြောင့် မင်းသားကျန့်အားတွန်းဖယ်ပြီး ဘာမှမသိပဲလုံးထွေးနေကြသောလူနှစ်ယောက်အလစ်တွင် သူပြတင်းပေါက်ကနေထွက်ပြေးလာခဲ့ရတာဖြစ်သည်။မိမိဟာဘယ်လောက်ပဲချစ်တတ်နေပါစေအုံး အသက်မပြည့်သေးသည်မို့ live scene ကြီးကျတော့ မတော်မတရားကိုးရို့ကားယားဆန်လှ၍ crush ကြီးကလည်း လာနမ်းတယ်ဆိုတော့ စိတ်လှုပ်ရှားမှုကအဆုံးအစွန်ထိရောက်သွားကာ တစ်စုံတစ်ခုကလည်းမးမမှန်တော့ပေ။
ညဘက်မို့အစောင့်တွေလူချိန်းချိန်ဖြစ်၍ အနည်းငယ်ကွေ့ပတ်ကာဖြင့် သူအဆောင်ရှိရာပြန်ရောက်သွားခဲ့သည်။
အခုမှဘယ်ကမှန်းမသိပြန်ရောက်လာတဲ့အိမ်ရှေ့စံအား ရံရွေတော်များလည်းအရိုအသေပေးကာ စားတော်ပွဲစီစဥ်ပေးရမလား ချိုးရေအရက်ပြင်ပေးရမလားမေးကြသည်။
အိမ်ရှေ့စံကအချိန်မရွေး ဗိုက်ဆာတတ်သည်မဟုတ်ပါလား။အရင်နေ့များအတိုင်းဆိုစားစရာကို ရိပေါ်အရင်ရွေးမှာပင်။
သို့သော်ယခုလက်ရှိအခြေအနေအရ သူရေအရင်ချိုးရန်သာဆုံးဖြတ်လိုက်သည်။
မျက်နှာကအစပူလောင်နေတာ ရေစည်ထဲတောင်ခေါင်းကြီးနှစ်ထားလိုက်ချင်သည်အထိ။ရံရွေတော်တွေချိုးရေပြင်ပေးအပြီး သူလည်းရေအမြန်ချိုးလိုက်၍ ပူနေသောမျက်နှာကိုအချိန်အတော်ကြာသစ်လိုက်ရသည်။
သူ့ကိုနမ်းလိုက်သောမင်းသားကျန့်ကြောင့် သူအခုထိရင်တုန်တာမပျောက်သေး။
သူ့နှုတ်ခမ်းများကို ဖြည်းဖြည်းချင်းငုံယူတာကအစညင်သာလွန်းလို့ ဟိုနှစ်ယောက်၏အသံများထက်တောင် ရင်တုန်သွားစေခဲ့သည်။
ရင်သာတုန်နေ၍ မင်းသားကျန့်ဘာလို့နမ်းတာလဲဆိုတာ နားမလည်နိုင်သေး။
သူ့ကိုအာရုံလွှဲပေးဖို့သက်သက်လား တကယ်စိတ်ထဲပါ၍လားဆိုတာ သူသိချင်မိသည်။
BẠN ĐANG ĐỌC
ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)