40 ခက်ခဲမှုများအသီးသီးရှိကြရာ

2.1K 281 19
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 40 💎ღ
{ ခက်ခဲမှုများအသီးသီးရှိကြရာ }

ကံကောင်း၍ သူ့ကြောင့်မို့ဇာတ်လမ်းကပြောင်းလဲလာခဲ့သည်။
သူသာဆရာကြီးကိုနန်းတော်သို့ပြန်မခေါ်နိုင်ခဲ့ရင် ဘုရင်ကြီးလည်းမူလဇာတ်အတိုင်း ​စောစီးစွာကံတော်ကုန်နိုင်သည်။ဖြေရှင်းစရာနည်းလမ်းဆိုတာရှိလာမှာမဟုတ်။
အခုတော့သူ့ကြောင့် ဆရာကြီး'နျဲ့'လည်း အခုလိုအရေးကြီးချိန်တွင်ရှိနေခဲ့ပြီး ဖြေရှင်းစရာနည်းလမ်းလည်းပေါ်ထွက်လာခဲ့ပေသည်။
ဒါကိုသူကဘာကြောင့်မဖမ်းဆုပ်ရမှာလဲ။

တကယ်တမ်းတော့သူ၏ရွေးချယ်မှုနောက်ကွယ်တွင် နောက်ထပ်အကြောင်းပြချက်တစ်ခုရှိနေသေး၏။
ထိုအရာကတော့ မင်းသားကျန့်ပင်။
တစ္ဆေဘုရင်၏အားသာချက်၊အားနည်းချက်ကိုမသိပဲ သူ့စီသွယးလိုက်ပါက ဇာတ်လိုက်ဆို​ပေမယ့်လည်းထိခိုက်နိုင်ပါသေးသည်။
ကံကြမ္မာရဲ့သားတော်လေးပေမယ့် ကောင်းကင်ဘုံရဲ့စောင့်ရှောက်မှုက ဇာတ်လိုက်မသေစေနိုင်တာတစ်ခုတည်းသာ။ အပြင်းအထန်ဒဏ်ရာမရနိုင်ဘူးဟုမဆိုလိုသေးပေ။

ချစ်ရသူကိုစိုးရိမ်တာက ဝမ်ရိပေါ်၏အလွန်တော့မဟုတ်။
ထို့ပြင်စာဖတ်သူပီပီ တစ္ဆေဘုရင်၏အကြောင်းအနည်းအကျဥ်းကိုတော့ ဇာတ်လမ်းထဲမှာပါသလောက်အကုန်သိထားသူက သူတစ်ယောက်သာရှိသည်မို့ သူကသာထိုတစ္ဆေဘုရင်နှင့်ရင်ဆိုင်ရန်အလွယ်ကူဆုံးဖြစ်လိမ့်မည်။
သူ့ထက်သင့်တော်သောသူက သူသာလျှင်ရှိ၏။

" ရှောင်ဝမ် "

ညအချိန် ကောင်းကင်၌ကြယ်တာယာတို့စုဝေးရောက်ရှိနေကြပြီး ဥယျာဥ်တော်၏အရှေ့ဘက်ပိုင်းသည် ပန်းဥယျာဥ်ပီပီပန်းပေါင်းစုံဝေဆာလျက်ရှိသည်။
ပန်းနုရောင်ပန်းပွင့်လေးများပင်လုံးပြည့်ဝေဆာနေပြီးအကိုင်း၏ညိုသောအရောင်က လရောင်အောက်ပေါ်လွင်နေကာ ကြီးမားသည့်ချယ်ရီပင်ကြီး၏အလှတရားကိုထင်ဟပ်နေစေသည်။
သို့သော်ထိုချယ်ရီပင်ကြီး၏အလှမှာ အပင်အောက်တွင်ရပ်နေပါသောလူငယ်လေးတစ်ဦးကိုတော့မယှဥ်နိုင်ခဲ့ပေ။
ထိုလူငယ်လေးက အိမ်ရှေ့စံလေးမှလွဲ၍မည်သူရှိအံ့နည်း။
ဝမ်ရိပေါ်သည် တောက်ပြောင်လှသောငွေရောင်အနားကွပ်နှင့်ရွှေရောင်ကနုတ်များရောစပ်နေသည့်ဝတ်ရုံကိုဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကိုပိုက်ကာ သစ်ပင်၏ပင်စည်ပေါ်မှီနေခဲ့သည်မှာ သက်ရှိနတ်ဘုရားတစ်ပါးလိုပင်။
သူငြိမ်သက်နေခဲ့တာဟာ မင်းသားကျန့်ခေါ်သံကိုမကြားအထိပေါ့။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now