16 ကူရာကယ်ရာမဲ့သူအားနှစ်သိမ့်ပေးခြင်း၂

2.4K 316 33
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 16 💎ღ {ကူရာကယ်ရာမယ့်သူအားနှစ်သိမ့်ပေးခြင်း၂}

ယှဥ်ပြိုက်သူတပ်သားများကုန်ဆုံးသွားသော် အနိုင်ရနေသူ၁၀ဦးထွက်ပေါ်လာ၏။
ပြိုင်ပွဲထဲပါဝင်မယှဥ်ပြိုင်ရသေးသည်မှာ မင်းသား၅ဦးပင်ကျန်တော့သည်။
ထပ်မံ၍ လေ့ကျင့်ကွင်းအကြီးအကဲအသံကြီးကထွက်ပေါ်လာပြန်၏။

"အနိုင်ရအဆင့်တက်သူ၁၀ဦးကျန်ရှိ၍ မင်းသားငါးဦးပါ ဝင်ရောက်ယှဥ်ပြိုင်ကြပါရန်.."

" ခဏလေး "

ရိပေါ်ရုတ်တရက်လှမ်းတားလိုက်သော် ဘုရင်ကြီးရောရှိသမျှလူများပါ တုန့်ဆိုင်းသွားကြ၍ အားလုံး၏အကြည့်များကသူ့စီရောက်လာကြသည်။

" သားတော် ဘာဖြစ်လို့လဲ "

ဘုရင်ကြီးသည် ရှေ့ကပွဲစဥ်တစ်လျှောက်လုံး တပ်သားများအရည်အချင်းကိုအားရကျေနပ်စွာကြည့်ခဲ့သလောက် သူ၏သား​တော်ကမည်သူ၏သန်မာမှုကိုမှစိတ်မဝင်စားသည်ကို အကဲခတ်နေမိသည်။
အခုလိုရုတ်တရက်ကြီးထပြောလိမ့်မယ်လို့မထင်ထား၍မေးလိုက်ခြင်းပင်။

" ခမည်းတော်..ပြိုင်ပွဲဝင်ကအားလုံးပေါင်း ၂၅ယောက်ဖြစ်နေတာမို့ တစ်ယောက်ပိုနေကြောင်းပါ..ဒါကြောင့်ညီမျှသွားအောင် သားတော်ပါပြိုင်ပွဲဝင်လိုပါတယ် "

သူ့စကားသည်မကျယ်လှသော်လည်း အားလုံးတိတ်ဆိတ်နေချိန်မို့တစ်ဝန်းလုံးကြားလိုက်ရသော် 'အိမ်ရှေ့စံငယ်ကပါဝင်ယှဥ်ပြိုင်မည်'ဟူသောဟာသကြောင့် လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။
အိမ်ရှေ့စံလက်ချက်ဖြင့် ရေကန်ထဲပြုတ်ကျဖူးသော မင်းသား၁ 'ဝမ်ချောင်'သာ မျက်နှာမသာမယာဖြင့်နှုတ်ပိတ်နေ၏။
မင်းသားကျန့်လည်း အံ့သြသွားရပြီး ရှောင်ဝမ့်စီသို့ငေးကြည့်လာသည်။

ဘုရင်ကြီးကလည်းအံ့သြတကြီးဖြင့်။

" သားတော်ကယှဥ်ပြိုင်မယ်? သားတော် ဆရာကြီး'နျဲ့'စီက ဓားသိုင်းမသင်ယူဖူးပေဘူးမဟုတ်လား "

" အနည်းအကျဥ်းတော့လေ့လာဖူးကြောင်းပါ "

" ဒါဆိုသားတော်အလိုရှိတဲ့လူကို ယှဥ်ပြိုင်နိုင်တယ် "

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Kde žijí příběhy. Začni objevovat