" အင်း ... ပြော "" ဘာကိုအင်းပြောလဲ? မနေ့ကတစ်နေ့လုံး
ဘာလို့ဖုန်းမကိုင်တာလဲ? အဲ့ကိစ္စရှင်း ..."Chanyeolကုတင်ဘေးကနာရီကိုလှမ်းကြည့်
လိုက်တော့မနက်လေးနာရီထိုးတော့မှာပင်။
အိပ်ချိန်နှစ်နာရီတောင်မပြည့်သေးပေမယ့်
သူကုတင်ပေါ်ကလူးလဲထပြီးကုတင်ခေါင်း
ရင်းကိုမှီထိုင်လိုက်သည်။ အိပ်ချင်စိတ်ကြောင့်
စပ်ဖျင်းနေတဲ့မျက်လုံးတွေကိုလက်တစ်ဖက်နဲ့
ခပ်ကြမ်းကြမ်းဖိပွတ်ရင်းသက်ပြင်းအရှည်
ကြီးချလိုက်မိသည်။" Chanyeol ... ပြန်အိပ်သွားတာလား? "
" မဟုတ်ပါဘူး "
တစ်ဖက်ကအက်ရှရှအသံလေးခပ်စိပ်စိပ်
ဖြစ်လာတော့Chanyeolမျက်ခုံးနားကိုလက်
ညိုးနဲ့ကုတ်ရင်းအသံပြန်ပြုရသည်။" ဘာလို့ဖုန်းမကိုင်တာလဲလို့ဆို မနေ့က "
" ငါအလုပ်များနေလို့ "
" အာ ... တစ်မိုးအောက်parkchanyeol
ကအလုပ်များတယ်ပေါ့ ... ဘာအလုပ်
တွေများလုပ်နေရလို့စာလေးတစ်ကြောင်း
ပြန်ဖို့တောင်ဝန်လေးနေရတာလဲ? "" sehun ... မရစ်နဲ့ကွာ ငါအိပ်ရေးမဝသေး
ဘူး ... ရစ်ချင်ရင်ငါနိုးလာရင်ပြန်ဆက်မယ်
မဟုတ်ဘူး လာတွေ့မယ် အဲ့ကျအသေရစ်
ဟုတ်ပြီလား ... အခုတော့ငါခဏနားပါရစေ
ကွာ... နော် ... "" Parkchanyeol!! ဖုန်းချရဲချကြည့်နော်
နောက်နေ့မင်းနဲ့ငါနဲ့ပြတ်ပြီပဲ ... "ဒါပါပဲ။ Ohsehunဆိုတာparkchanyeol
ဘာကြောက်လဲကောင်းကောင်းသိတယ်။
လူရှုပ်လူပွေParkchanyeolကိုဘယ်လိုကိုင်
တွယ်ရမလဲကောင်းကောင်းနားလည်တယ်။" ငယ်ရာ ... မင်း တစ်စိတ်ရှိပြတ်မယ်
ပြတ်မယ်ပဲပြောနေတာ ... "" ဘာဖြစ်လဲပြောတော့ ... ဟမ်?
လူဆိုးကောင်တွေကဘယ်လိုစကားလှလှ
လေးတွေနဲ့များတန်လို့လဲ? "" ကျစ်! "
Sehunစိတ်တွေအရမ်းတိုနေသည်။
အဲ့တာကလည်းတစ်ဦးတည်းသောချစ်ရသူ
လူဆိုးကောင်ကြောင့်ပင်။ မနေ့ကတစ်နေ့လုံး
လူကိုအဆက်အသွယ်ပြတ်ထားပြီးသူကျတော့
Barမှာဘရန်ဒီခွက်ကိုလက်ကမချ၊ ဘေးမှာ
မိန်းမလှလေးတောင်ပါလိုက်သေး။ ကိုယ်က
သူလုပ်သမျှအကုန်သိနေတယ်ဆိုတာလည်း
သိရက်နဲ့သူချော့ရင်ဖြစ်တယ်ဆိုတဲ့အချိုး
မျိုးတွေချိုးနေတာ။ ဒီနေ့တော့ကောင်းကောင်း
ကြီးဆုံးမပစ်ဦးမယ်ဟုတေးထားလိုက်သည်။
YOU ARE READING
Already Yours (U+Z) [Completed]
FanfictionI'm falling in love with you from my deepest soul ...I know, I'm already yours .