ဖွင့်ဖို့ခက်နေသည့်မျက်ခွံတွေကြောင့်sehun
လေးပင်စွာမျက်တောင်များကိုပုတ်ခတ်လိုက်
သည်။ ခန္ဓာကိုယ်တစ်ခုလုံးအကြိမ်ကြိမ်ကိုင်
ပေါက်ခံထားရသလိုနာကျင်မှု့ကအသွေးအသား
ထဲကကိုတစ်စိမ့်စိမ့်ထွက်နေသည်။မြင်ကွင်းထဲမှာရှိနေတဲ့ရင်အုပ်ကျယ်ကျယ်
ကြီးကိုတစ်ချက်စူးစိုက်ကြည့်ပြီးsehun
သူမမြင်ပေမယ့်လည်းမျက်စောင်းထိုးလိုက်
မိသည်။ အမြဲလူကိုကြမ်းရမ်းတာတအားပဲ။
သူ့ကိုကြည်ဖြူမိတိုင်းဘယ်တော့မှညင်ညင်
သာသာနိုးထရတယ်ဆိုတာမရှိ။သေချာစဉ်းစားကြည့်မိတော့လည်းမနက်က
သူ့ကိုစိတ်ဆိုးနေရင်းနဲ့ကိုဘယ်လိုခွင့်ပြုမိ
သွားမှန်းမသိဘူး။ Sehunဆိုတာဒီလူဆိုး
ကောင်ကိုလွန်ဆန်နိုင်ခဲ့ခြင်းမှမရှိတာ။
သူကလွှမ်းမိုးနိုင်တာမဟုတ်ဘဲကိုယ်တိုင်က
ကိုလွှမ်းမိုးခံနေမိတာ။* ဒီး ဒီး ဒီး *
အတွေးယာဉ်ကြောထဲပိတ်မိနေရင်းသူ့ဖုန်း
သံကြားမှအသိဝင်လာတဲ့အဖြစ်။ နံရံက
အနက်ရောင်နာရီကြီးကိုကြည့်လိုက်တော့
နေ့လည်တစ်နာရီခွဲလုပြီ။ အဆက်မပြတ်
မြည်နေတဲ့ဖုန်းသံကြောင့်sehunမျက်မှောင်
လေးတွေတွန့်ချိုးလာတော့သည်။တစ်ချက်လူးလွန့်လာတဲ့ရင်ခွင်ပိုင်ရှင်ကြောင့်
Sehunသူ့ရင်ခွင်ထဲကနေပဲသူ့မျက်နှာကိုမော့
ကြည့်လိုက်သည်။ အချိန်ကိုက်ပင်မျက်လုံး
မပွင့်တပွင့်ဖြင့်sehunနဖူးကိုငုံ့နမ်းလာသူ
ကြောင့်sehunပြုံးပြီးသူ့မေးဖျားကိုတစ်ဖန်
ပြန်နမ်းလိုက်သည်။ ထိုအခါsehunရဲ့အဝတ်
ကင်းမဲ့နေတဲ့စောင်အောက်ကကိုယ်လုံးလေး
ကိုလက်ဖဝါးကြီးကြီးတွေကပွတ်သပ်လာကာ
သူ့လက်မောင်းတွေထဲဖျစ်ညစ်လိုက်တာကြောင့်
Sehunမျက်နှာလေးရှုံ့မဲ့ကာသူ့ရင်ဘတ်ကို
တစ်ချက်ရိုက်ပြီးသတိပေးလိုက်ရသည်။" အ! နာတယ် "
" sorry ... sorry ကိုယ်မေ့သွားလို့ "
Sehunကိုတစ်ချက်ချော့မြူကာဖျစ်ညစ်
ထားသည့်လက်မောင်းအားကိုလျော့ပေး
လာသည်။ ထို့နောက်တစ်ဖန်ပြန်မြည်လာ
တဲ့သူ့ဖုန်းသံကြောင့်သူကအိပ်နေရာကထ
ကာကုတင်ကိုထိုင်မှီပြီးစားပွဲပေါ်ကဖုန်းကို
ယူကြည့်သည်။ Sehunလည်းခပ်လျောလျော
မှီထိုင်နေတဲ့သူ့ရင်ခွင်ထဲဝင်ကာသူ့ကိုမှီတွယ်
ထားလိုက်သည်။
YOU ARE READING
Already Yours (U+Z) [Completed]
FanfictionI'm falling in love with you from my deepest soul ...I know, I'm already yours .