Part(12)

634 98 26
                                    

🎶🎶Yelling at the sky ...
ကောင်းကင်ကြီးကိုပဲအော်ငေါက်နေမိတယ်
Screaming at the world ...
လောကကြီးကိုလည်းအော်ဟစ်လိုက်တယ်
Baby, why'd you go away ...
အချစ်ရေ, မင်းဘာလို့အဝေးကိုထွက်သွား
ရတာလဲ?
I'm still your boy ...
ငါကမင်းကောင်လေးဖြစ်နေတုန်းပဲလေ
Holding on too tight...
မနည်းအားတင်းထားပြီးတော့
Head up in the clouds
တိမ်စိုင်လေးတွေကိုမော့ကြည့်လိုက်တယ်
Heaven only knows,where you are now?
မင်းအခုဘယ်မှာရှိနေလဲဆိုတာလည်း
ကောင်းကင်ကြီးပဲသိနိုင်ပါလိမ့်မယ်
How do I love, how do I love again?
ငါဘယ်လိုများထပ်ချစ်ရဲတော့မှာလဲ?
How do I trust, how do I trust again?
ငါဘယ်လိုထပ်ပြီးယုံကြည်ရတော့မလဲ?

I stay up all night ....
ညတွေလည်းမအိပ်နိုင်ဘဲ
Tell myself I'm alright ....
ငါအဆင်ပြေသွားမှာပါလို့ကိုယ့်ကိုကိုယ်
နှစ်သိမ့်မိတယ်
Baby, you're just harder
to see than most
အချစ်ရေ,မင်းကိုမြင်တွေ့နိုင်ဖို့ကအခု
တော့အခက်ခဲဆုံးအရာဖြစ်သွားပြီ
I put the record on, wait 'til I hear
our song
ငါတို့ကြိုက်တဲ့သီချင်းလေးမလာမချင်း
ဓာတ်ပြားဟောင်းလေးကိုဖွင့်ပြီးငါစောင့်
နေတယ်
Every night,
I'm dancing with your ghost
ငါတော့ညတိုင်းမင်းရဲ့ပုံရိပ်လေးတွေ
နဲ့ပဲ ကခုန်ဖို့တက်နိုင်တော့တယ် 🎶🎶

တိတ်ဆိတ်ခြောက်သွေ့နေတဲ့အခန်းလေး
အတွင်းဂစ်တာသံသဲ့သဲ့လေးနဲ့အတူ
ခပ်တိုးတိုးသီဆိုနေတဲ့သီချင်းငြီးသံလေး။
အက်ကွဲမတက်ဖြစ်နေတဲ့ရင်နဲ့ခံစားချက်
တွေပါပေါင်းပြီးသီဆိုမိတော့ထွက်လာတဲ့
အသံလေးကပင်ကွဲအက်ပြတ်ရှလို့။

" အဟင့် ~~~ ဟင့် "

ညသန်းခေါင်ကျော်အချိန်လေးမှာထွက်
လာတဲ့တီးတိုးရှိုက်ငိုသံလေး။ သေတော့
မယ်လို့တောင်ထင်နေရပြီ။ ငါခေါင်းတွေ
လည်းမူးနောက်နေပြီးရင်ဘတ်ထဲကလည်း
အရမ်းနာတယ်Chan။ အိမ်မက်ဆိုးတွေ
ကြောင့်အိပ်လို့တောင်မရတော့တဲ့ညတွေ
တိုင်းဒီလိုပဲမင်းကိုလွမ်းရင်းဖြတ်ကျော်ရ
မယ်ဆိုရင်ငါဘယ်လိုလုပ်ခံနိုင်ရည်ရှိ
တော့မှာလဲ?

ညတိုင်းမက်တဲ့အိမ်မက်ကတစ်ခုတည်း။
ငါနဲ့မင်းနဲ့ကဘယ်တုန်းကမှမသိခဲ့တဲ့
သူစိမ်းတွေအဖြစ်ရှိနေကြတာတဲ့။
အဲ့အိမ်မက်ကြီးကအိမ်မက်ဆိုတဲ့အတိုင်း
ယုတ်တိမရှိလိုက်တာ။ တကယ်တော့ငါ
စဉ်းစားမိတယ်သိလား? ငါတို့သာသူစိမ်း
တွေအဖြစ်ခုချိန်ထိရှိနေကြမယ်ဆိုရင်
မင်းရောငါရောဘာတွေလုပ်ဖြစ်နေမယ်
လို့ထင်လဲ? ဒီလိုနာကျင်နေရတဲ့ညတွေ
မှာမိသားစုကိုအချိန်ပေးပြီးညစာစား
ဖြစ်နေကြမလား? ဒါမှမဟုတ်မင်းက
လူဆိုးကောင်ဆိုတော့အပေါင်းအသင်း
တွေနဲ့night out ထွက်နေမလား?

Already Yours (U+Z) [Completed]Where stories live. Discover now