ဒီနေ့နဲ့ဆိုChanyeolဆေးရုံတက်နေတာ
သုံးရက်ရှိပြီ။ ထိုသုံးရက်လုံးငယ့်အရိပ်
ကလေးတောင်မတွေ့ရ။ မေမေလေးက
တော့နေ့တိုင်းလာကြည့်ပေမယ့်သူမျှော်
နေတာဒီလူတွေမှမဟုတ်တာ။ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းမှု့ကသူ့ကို
လှောင်ပြောင်လို့နေတယ်။ တကယ်တမ်း
ငယ်ကသူမရှိရင်ဖြစ်ပြီးသူကသာငယ်မရှိ
ရင်မဖြစ်တဲ့လူဆိုတာဒီသုံးရက်အတွင်း
နားလည်လာခဲ့သည်။ဆိုးမိုက်မိသမျှတွေအတွက်ငယ်ကခုချိန်
မှာပေါင်းပြီးဒဏ်ခတ်နေသလားလို့တောင်
ထင်လာရသည်။ ကိုယ်အချိန်ခဏလေး
တောင်မခံစားနိုင်ဘူးငယ်။ ကိုယ်ခံနိုင်ရည်
နည်းတယ်ဆိုတာငယ်သိတာပဲမဟုတ်လား?
ဒါပေမယ့်လည်းလေနှစ်ပေါင်းများစွာ
ကိုယ့်ဒဏ်ကိုကြိတ်မှိတ်သည်းခံလာတဲ့
ငယ့်မျက်နှာလေးကိုမြင်ယောင်မိတော့လွမ်း
နေရတာတောင်လိပ်ပြာမလုံဘူးငယ်။ကိုယ့်မှာလွမ်းနေခွင့်တောင်ရှိတာမဟုတ်
ဘူးတဲ့ဖေဖေကပြောတယ်။ အမြဲတမ်း
ငယ့်ဖေကြီးကငယ့်ဘက်ကချည်းပါပဲ။
ဖေဖေပြောတာလည်းမှန်ပါတယ်။ ကိုယ့်
မှာအဲ့လိုအခွင့်တောင်မရှိသင့်တာပါ။ငယ့်အပေါ်ဆိုးခဲ့တာတွေအတွက်နောင်တ
ရလားလို့မေးရင်ကိုယ်ကငြင်းမှာ။ ကိုယ်
ဘယ်လောက်အတ္တကြီးလဲငယ်သိတယ်
မဟုတ်လား? ဟုတ်တယ်ငယ် ကိုယ်ငြင်း
မှာ။ ငယ့်အပေါ်အနိုင်ယူခဲ့တာတွေအတွက်
ကိုယ်ဘယ်တော့မှနောင်တရမှာမဟုတ်ဘူး။အဲ့လိုဆိုးခဲ့လို့လူဆိုးကောင်ကိုယ့်ကိုငယ်
ဘယ်လောက်ချစ်တယ်ဆိုတာကိုယ်သိ
လာတယ်။ ကိုယ်ခံစားလို့ရတယ်။ အမြဲ
ကိုယ်ကငယ့်အချစ်အတွက်ဂုဏ်ယူနေ
ခဲ့တာ။ သူငါ့ကိုဒီလောက်ထိတောင်ချစ်
ပါလားလို့တစ်စိမ့်စိမ့်တွေးနေရတာကို
ကိုယ်သဘောကျခဲ့တာ။ ကိုယ့်ကိုမလွန်
ဆန်နိုင်တဲ့ငယ့်ပုံလေးကိုတွေးမိတိုင်း
လည်းကိုယ်ကငယ့်ကိုအဲ့လိုလေးပဲ
ထာဝရရှိနေစေချင်ခဲ့တာ။ကိုယ်သိပါတယ်။ ကိုယ်ကငယ့်ကိုငယ်
လောက်မချစ်နိုင်ဘူးဆိုတာလေ။
ပြီးတော့ကိုယ်ကတစ်ကိုယ်ကောင်းဆန်
စွာနဲ့ငယ့်အချစ်မှာသာယာနေခဲ့တာ။
ထပ်တူပြန်ချစ်ပေးရကောင်းမှန်းသိ
နေပေမယ့်အချစ်ခံရတဲ့ခံစားမှု့မှာ
မာန်တက်ရင်းပျော်ဝင်နေခဲ့တာ။
YOU ARE READING
Already Yours (U+Z) [Completed]
FanfictionI'm falling in love with you from my deepest soul ...I know, I'm already yours .