" ကို .... တို့နဲ့ပတ္တရားလိုက်ခဲ့ကွာ "ကားမောင်းနေတဲ့Chanyeolကိုဘေးတွင်
ထိုင်ကာတစ်ဆာဆာပူဆာနေသောမိန်းမလှ
လေး။" ကိုယ်မအားတာမင်းသိသားနဲ့ "
" သုံးညအိပ်ထဲကိုကွာ ... တို့အတွက်အဲ့
လောက်အချိန်လေးတောင်မပေးနိုင်ဘူးလား
သူငယ်ချင်းတွေကလည်းအကုန်သူတို့ရည်းစား
တွေနဲ့ ... ကြားထဲမှာတို့တစ်ယောက်တည်း...
ကိုကလည်း လိုက်ခဲ့ပါကွာ ... နော်လို့ ... "Chanyeolလက်မောင်းတွေကိုဖက်တွယ်ကာ
ပါးနီပြေပြေလေးဆိုးထားသောပါးပြင်လေး
တွေနဲ့ပွတ်သပ်ကာချွဲနွဲ့နေပြန်သည်။" မချစ်ဘူးလားတို့ကို ? လိုက်ခဲ့ကွာနော် "
" ကျစ်! "
" နော်လို့ ... "
မီးပွိုင့်မိနေချိန်ကိုအခွင့်ကောင်းယူကာသူမ
ကChanyeolရင်ခွင်ထဲကိုအတင်းတိုးဝင်
လာပြီးChanyeolလည်တိုင်ကိုသူမနှုတ်
ခမ်းတို့ဖြင့်ကလူကျီစယ်သည်။" ကိုယ်အချိန်ညှိကြည့်မယ် ... ဒါပေမယ့်
အာမမခံဘူးနော် ... "" yes! Love you so much darling..."
Chanyeolရဲ့ဇယားလေးကိုအိမ်ပြန်ပို့ပေး
ပြီးနောက်တော့ဂစ်တာသင်တန်းတက်နေ
သည့်ချစ်ရသူငယ်ငယ့်အားသွားကြိုရန်
အချိန်ရောက်ခဲ့ပြန်သည်။Sehunသင်တန်းတက်နေသည့်အိမ်အရှေ့
ရောက်တော့message တစ်စောင်လှမ်းပို့
လိုက်သည်။ ဆယ့်ငါးမိနစ်လောက်နေ
တော့အိမ်ထဲကငယ်နဲ့ဂစ်တာဆရာထွက်
လာသည်။ ဆရာကငယ်ငယ်ချောချော
လေးမို့Chanyeolအလိုမကျစွာမျက်ခုံးတို့
တွန့်ချိုးမိကုန်သည်။ သင်တန်းတက်မယ်
ဆိုတာပဲChanyeolသိရပြီးonlineကနေ
အပ်လိုက်တဲ့ငယ့်ကြောင့်အခုမှငယ့်ဆရာ
ကိုChanyeolမြင်ဖူးခြင်းဖြစ်သည်။ခြံတံခါးဝအထိအဲ့ဒီ့ဂစ်တာဆရာကငယ့်
ကိုလိုက်ပို့ပေးပြီးငယ်ကလည်းကားနား
ရောက်တော့တာတာ့လှမ်းပြလိုက်သေး
သည်။" ထူးထူးဆန်းဆန်းစောရောက်နေ
လို့ပါလား? "ငယ်နဲ့ချိန်းတိုင်းအမြဲနောက်ကျနေတက်တဲ့
Chanyeolအကျင့်ကြောင့်ငယ်ကကားထဲ
ဝင်ထိုင်ပြီးChanyeolကိုမျက်ခုံးလေးပင့်
ကာပြောသည်။
YOU ARE READING
Already Yours (U+Z) [Completed]
FanfictionI'm falling in love with you from my deepest soul ...I know, I'm already yours .