မအိပ်စက်ရသေးတဲ့မျက်လုံးတို့ကကျိန်းစက်
နေသည်။ လူကလည်းနုံးခွေနေကာမနေ့က
သူထားခဲ့တဲ့ဆိုဖာလေးမှာပဲကျုံ့ကျုံ့လေး
ထိုင်နေမိသည်။ အခန်းထဲကိုမနက်ခင်း
နေရောင်တောင်မဝင်နိုင်လောက်အောင်
နှင်းစက်တို့ထူပိန်းနေတဲ့အထိကျဆင်း
နေသည်။ တစ်ခုခုကိုတော့တွေးနေပေမယ့်
ဘာကိုတွေးနေလဲတောင်မသိတော့တဲ့အထိ
ထုံထိုင်းနေတဲ့အသိစိတ်နဲ့၊ခန္ဓာကိုယ်ကြောင့်
ကြမ်းပြင်ကိုပဲခပ်တွေတွေစိုက်ကြည့်နေမိသည်။အတွေးတွေကိုလည်းထိန်းချုပ်လို့မရ။
ဝမ်းနည်းနာကျင်ခြင်းတွေကိုလည်းတားဆီး
ထားလို့မရနဲ့sehunအဖြစ်ကကိုယ့်ခန္ဓာကိုယ်
နဲ့စိတ်ခံစားချက်တွေကိုတောင်မပိုင်ဆိုင်
တော့တဲ့အခွံသပ်သပ်ကျောက်ရုပ်လေးလို
ပါပဲ။ထားခဲ့ခံရမှာသေမလိုကြောက်တဲ့sehun
ကထားခဲ့ခံရဖို့ကိုသာရွေးချယ်လိုက်ရ
သည်။ ဒါကလည်းဒီနည်းလမ်းအပြင်
ထပ်ပြီးရွေးချယ်စရာမရှိတော့ပြီမို့။
သူထားခဲ့တာနာရီပိုင်းပဲရှိသေးပေမယ့်
Sehunရွေးချယ်မှု့များမှားသွားပြီလား
လို့တွေးနေခဲ့တာအကြိမ်ရေမနည်းတော့။
တကယ်တမ်းသူမရှိရင်မနေနိုင်တာကိုယ်
ပဲဆိုတာသိနှင့်နေပြီးသားပေမယ့်အရဲစွန့်
လို့သူမရှိလည်းဖြစ်အောင်နေမယ်ဆိုပြီး
မာန်တင်းခဲ့သမျှ အခုထိုမာန်လေးသည်
လည်းလျော့တိလျော့ရဲ။လူဆိုးကောင်ဟာsehunကိုsehunထပ်
ပိုပြီးချစ်ကြောင်းတွေတစ်ဖွဖွဝန်ခံနေ
တက်ပေမယ့်တကယ်တမ်းတော့ထို
လူဆိုးကောင်ဟာကောင်းကောင်းမချစ်
တက်သေးပေ။ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ
ကိုခံစားပိုင်ဆိုင်တဲ့လူတစ်ယောက်ဟာ
ဝမ်းနည်းခြင်းကင်းတယ်တဲ့။ သူသာ
Sehunကိုချစ်တက်ခဲ့ပါလျှင်ဒီနေ့ဒီလို
အချိန်မျိုးမှာယခုလိုအဖြစ်မျိုး၊ယခုလို
ဝမ်းနည်းမှု့မျိုးတွေsehunခံစားနေရပါ့
မလား?' ချစ်တယ် ' လို့တစ်ဖွဖွပြောခံချင်တာ
မဟုတ်ဘူးChan ... ငါကမင်းဆီက
အနှစ်မပါတဲ့အဲ့ဒီ့ဝန်ခံစကားတွေထပ်
မင်းပေးမယ့်ချစ်ခြင်းမေတ္တာကိုအလို
လိုခံစားသိရှိနိုင်ချင်တာ။" ငယ်လေးရေ ..... "
အခန်းတံခါးခေါက်သံနဲ့အတူမေမေ့ရဲ့
ခေါ်သံကိုပါတစ်ခါတည်းကြားလိုက်ရ
သည်။ ပါးပြင်ပေါ်ကမျက်ရည်စီးကြောင်း
တွေကိုလက်နှစ်ဖက်နဲ့ကဗြာကယာသုတ်
ပြီးလည်ချောင်းတစ်ချက်ရှင်းကာမေမေ့
ကိုအသံပြန်ပြုရသည်။
YOU ARE READING
Already Yours (U+Z) [Completed]
FanfictionI'm falling in love with you from my deepest soul ...I know, I'm already yours .