Chanyeolဒီနေ့ညနေလေယာဉ်နဲ့ပတ္တရားကို
သွားမှာဖြစ်သည်။ ငယ့်ကိုတော့အလုပ်ကိစ္စ
သွားမှာလို့သာပြောထားတာမို့ငယ်ကတော့
တကယ်ထင်ကာအခုလည်းခရီးဆောင်အိတ်
ကိုပြင်ပေးနေသည်။Chanyeolခါးမှာသဘတ်တစ်ထည်ကိုလျော့
ရဲစွာပတ်ထားပြီးဟိုဟာယူထည့်၊ဒီဟာထည့်နဲ့
ယောက်ယက်ခတ်နေတဲ့ပုံရိပ်လေးကို
ခေါင်းရေသုတ်ရင်းငေးကြည့်နေလိုက်
သည်။" Chanyeol ... ဒီအပေါ်ကန့်ကထောင့်မှာ
ဆေးအိတ်ထည့်ပေးထားတယ်နော် ...
တစ်ခုခုဖြစ်ရင်ပေမနေဘဲဆေးသောက် "ကုတင်ခြေရင်းကခုံအရှည်မှာအိတ်ကိုတင်
ထားပြီးအထဲကပစ္စည်းတွေအဝတ်တွေကို
သေချာပြန်စီစစ်နေတဲ့ငယ်ကတကယ့်ကို
အိမ်ရှင်ထီးလေးအတိုင်း။" အင့်! လန့်လိုက်တာ "
ကျောပေးထားတဲ့ကိုယ်လုံးလေးကိုအနောက်
ကနေသိုင်းဖက်လိုက်တော့ရုတ်တရက်မို့
ဆတ်ခနဲဖြစ်ကာလန့်သွားသည်။" အခန်းထဲမှာကိုယ်နဲ့မင်းနှစ်ယောက်ထဲ
ရှိတာကိုလန့်တုန်းလား? "" ရုတ်တရက်ဆိုတော့လန့်တာပေါ့ "
နဂိုကဆိုသူအလုပ်တစ်ခုခုလုပ်နေရင်အခု
လိုသွားပြီးပွတ်သီးပွတ်သပ်လုပ်ကြည့်ပါ
လား။ Ohsehun ဆိုတာအခုလိုငြိမ်နေတာ
မဟုတ်။ စိတ်ရှုပ်တယ် ဖယ်ပေးဆိုပြီးမရ
မကတွန်းဖယ်ပစ်တဲ့လူမျိုး။ အခုတော့
Chanyeolဖက်ထားတဲ့အတိုင်းငြိမ်နေကာ
ခရီးဆောင်အိတ်ကိုလက်စသပ်နေသည်။မပြောပေမယ့်လည်းChanyeolသိသည်။
ဒီကောင်လေးဝမ်းနည်းနေတယ်ဆိုတာ။" ကိုယ်မသွားဘဲနေရမလား? "
" ......... "
" ဟင်? ငယ် ... "
" အလုပ်ကိစ္စလေ ... မသွားဘဲနေလို့မှ
မရတာ ... "" မင်းမသွားစေချင်ရင်မသွားဘူးကွာ "
လည်တိုင်ဖွေးဥဥလေးကိုငုံ့နမ်းရင်း
Chanyeolပြောလိုက်သည်။ ထိုအခါငယ်
ကသူ့ခါးတွင်ရစ်ပတ်ထားသောChanyeol
လက်တွေကိုဖြုတ်ပြီးChanyeolဘက်လှည့်
ကာမျက်နှာချင်းဆိုင်လာသည်။" ငါကမသွားနဲ့ဆိုတကယ်မသွားဘူးပေါ့?
ဒီParkchanyeolကလေ ...? "" မရွဲ့နဲ့ ... ကိုယ်တကယ်ပြောနေတာ "
YOU ARE READING
Already Yours (U+Z) [Completed]
FanfictionI'm falling in love with you from my deepest soul ...I know, I'm already yours .