Part(4)

697 119 52
                                    


Sehunရောက်သွားတာနဲ့Chanyeolအမေက
လက်ကိုဆွဲကာsehunအတွက်သူထိုးထားတဲ့
ပန်းရောင်ဆွယ်တာလေးကိုပြသည်။ ချက်ချင်း
ပဲအကျီအပေါ်ထပ်ကိုချွတ်ကာထိုဆွယ်တာလေး
ကိုဝတ်စေသည်။

" အမလေး ... လှလိုက်တာကြည့်စမ်း
မေမေ့မျက်လုံးတွေအမြင်ရှိသေးတယ်
တွေ့လားChan "

ဟုတ်ပါသည်။ မေမေပြောသလိုပဲ ပန်းရောင်
နဲ့sehunကတအားကိုလိုက်ဖက်ပါသည်။
ပန်းရောင်မကြိုက်တဲ့ကောင်လေးကသူ့အမေ
သဘောကျထိုပန်းရောင်ဆွယ်တာကိုတော့
ဝတ်ဆင်ထားပေးပါသည်။

ဖြူဖွေးနေသည့်အသားအရည်ပေါ်မှာ
ပန်းနုရောင်ဆွယ်တာလေးထပ်လိုက်
တော့စတော်ဘယ်ရီနို့ဖျော်ရည်လေးနဲ့
တောင်တူသွားသည်။ ဒီကြားထဲသူ့ပယောဂ
ကြောင့်ငိုထားတဲ့မျက်နှာလေးကလည်း
ခပ်အစ်အစ်နဲ့ရဲရဲကလေးဖြစ်နေသေး၏။

" ငါ့သားလေးမျက်နှာမကောင်းပါလား?
ဟမ်? မေ့ကိုပြော ငါ့သားလေးကိုဘယ်သူ
ဘာလုပ်သလဲ? "

နုနုနယ်နယ်မျက်နှာလေးကိုမေမေက
တစ်ယုတစ်ယကိုင်ကာစိုးရိမ်တကြီး
မေးရှာသည်။ ထိုအချိန်အလုပ်ခန်းထဲက
ထွက်လာတဲ့ဖေဖေကလည်းသူ့စာကြည့်
မျက်မှန်ကိုချွတ်ရင်းChanyeolကိုခပ်စူး
စူးကြည့်သည်။

" မင်းသားဟိုကောင်sehunnieကို
ဘာလုပ်ထားလဲမှမသိတာ ... အဲ့ကောင်ပဲ
စိတ်ဆင်းရဲအောင်လုပ်နေတာ ... "

" အဖေလည်းတော်တော်ဖြစ်နော် "

Chanyeolရွဲ့လိုက်တော့အဖေပါမက
မေမေကပါမျက်စောင်းဖြင့်ကြည့်သည်။

" Chan ... မေဘာမှာထားလဲ?
Hunnnieကိုစိတ်ဆင်းရဲအောင်မလုပ်
ရဘူးလို့ပြောထားတယ်လေ ... ခဏခဏ
ဒီလိုဆိုရင်မေမေမင်းကိုသားငယ်နဲ့လမ်း
မခင်းပေးဘူးနော် ... အလျော့ပေးတယ်
ဆိုတိုင်းဆိုးတာတော်ရုံပဲကောင်းတယ်
Chanyeollie ..."

Chanyeolစိတ်ရှုပ်ထွေးစွာဆံပင်အဖြူ
ရောင်တွေကိုဆွဲဖွလိုက်ပြီးလေပူတစ်ချက်
မှုတ်ထုတ်ကာအပေါ်ထပ်သို့သာတက်လာ
ခဲ့တော့သည်။ သူ့ကိုလိုက်ကြည့်နေတဲ့
မျက်ဝန်းငယ်ငယ်လေးတွေကိုမျက်လုံး
ထောင့်ကမြင်ပေမယ့်လည်းသူ့အကျင့်
အတိုင်းပြန်မလှည့်ကြည့်ဖြစ်တော့ပါ။

Already Yours (U+Z) [Completed]Where stories live. Discover now