Part(8)

685 114 78
                                    



" ဟယ် ... ဘယ်လိုဖြစ်ရတာလဲညီမရယ် "

" ............ "

" ဖြစ်ရလေကွယ် ... အခုရော?
သားChanသတိရပြီလား? "

Sehunလှေကားပေါ်ကဆင်းလာကာမီးဖို
ချောင်ထဲသွားဖို့အလုပ်မေမေဖုန်းပြောနေ
တဲ့ဆီကလူဆိုးကောင်နာမည်ပါလာတာမို့
နေရာမှာရပ်ပြီးနားထောင်နေမိသည်။

" အဖျားကြီးပြီးသတိပါလစ်တယ်ဆို
တော့ကွယ် ... သေချာဂရုစိုက်ဦးနော်
ညီမ ...အခန့်မသင့်ရင်အဲ့တာအသက်
အန္တရာယ်ပါရှိတယ် ... ဒီကလေးနှယ့် "

မေမေ့စကားတို့ကြောင့်sehunနေရာမှာတင်
တောင့်ခဲသွားသည်။ မေမေနဲ့စကားပြော
နေတာသေချာပေါက်လူဆိုးကောင်ရဲ့
မေမေဆိုရင်အသက်အန္တရာယ်ရှိတာက
ဘယ်သူလဲ? Chanyeolလား?

" ဟုတ်ပြီ ဟုတ်ပြီ ... မမလည်းလာခဲ့ဦး
မယ် ... မငိုပါနဲ့ညီမရယ် မမလာခဲ့မယ်နော် "

" မေ ... ဘယ်သူဘာဖြစ်လို့လဲဟင်? "

ဖုန်းတောင်သေချာမချရသေးခင်မိမိ၏
တစ်ဦးတည်းသောသားလေးကမိမိအနား
လေလိုအလျင်နဲ့ရောက်လာကာအေးစက်
နေတဲ့သူ့လက်လေးတွေနဲ့မိမိလက်ကိုလှုပ်
ခါပြီးမေးလေသည်။

" သားChanလေ "

" သူဘာဖြစ်လို့လဲမေ ... "

သောကဖိစီးနေတဲ့မျက်နှာလေးဟာသူချစ်
တဲ့လူအတွက်စိုးရိမ်ပူပန်မှု့တွေအပြည့်နဲ့။
ဒါနဲ့များသူမသားဟာအဲ့ဒီ့ကလေးနဲ့ဝေးဖို့
ရွေးချယ်သတဲ့။

" အဖျားကြီးပြီးသတိလစ်လို့ဆေးရုံ
တင်ထားရတယ်တဲ့ ... ခုထိသတိမရ
သေးဘူးပြောတာပဲ ... "

" ဟင်! "

" Chanကဆေးရုံမှာ? "

" ......... "

သတိမကပ်တော့တဲ့လူလိုတီးတိုးလေး
ရေရွတ်ပြီးအပေါ်ထပ်သို့ဒုန်းစိုင်းပြေး
တက်သွားပြန်သည်။

Sehunစိတ်နဲ့လူနဲ့မကပ်ပေ။ ဆေးရုံသိပ်
မုန်းတဲ့သူကဆေးရုံမှာတဲ့။ သူဘယ်အဆင်
ပြေမှာလဲ? သူ ... သူsehunကိုလိုအပ်နေ
တယ်။ ဒါကိုsehunသိသည်။ သူ့အနားမှာ
Sehunရှိနေဖို့လိုတယ်။

တွေ့ကရာအပေါ်ထပ်အင်္ကျီကိုဆွဲလွဲဝတ်
ပြီးကားသော့ယူကာအောက်ထပ်ကိုပြန်
ပြေးဆင်းလာလိုက်သည်။

Already Yours (U+Z) [Completed]Where stories live. Discover now