Part(10)

718 105 68
                                    


" ဟာ! ဥက္ကဌကြီး ... "

စခန်းမှူးကမိမိကိုတွေ့တော့ထိုင်ခုံကနေ
ပြာပြာသလဲထကာနှုတ်ဆက်သည်။

" ကိုယ်တိုင်လိုက်လာမယ်မထင်ဘူးဗျ
အလုပ်ရှုပ်စေမိပြီ ... "

ဥက္ကဌParkလည်းစခန်းမှူးရဲ့စကားကို
ခေါင်းတစ်ချက်ညိမ့်ရုံသာတုန့်ပြန်မိသည်။
ကိုယ့်အပူနဲ့ကိုယ်ဖြစ်နေတာမို့။

" အကိုလေးကဒီဘက်မှာပါဗျ "

စခန်းမှူးရဲ့ခေါ်ဆောင်ရာကိုလိုက်သွား
တော့အချုပ်သံတိုင်ကြားမှာနံရံကိုမှီပြီး
ဒူးတစ်ဖက်ထောင်ထိုင်ကာမျက်လုံးမှိတ်
ထားတဲ့မိမိ၏တစ်ဦးတည်းသောသား။

ထောင်ထားတဲ့ဒူးတစ်ဖက်ပေါ်တင်ထားတဲ့
လက်တွင်လည်းသွေးစို့ရာများနဲ့။ မျက်နှာ
တွင်ညိုမဲကွဲပြဲနေကာရုပ်ပျက်ဆင်းပျက်။
ဘယ်အချိန်သွားဆိုးလိုက်လဲမသိသော
နီရဲတောက်နေတဲ့ဆံပင်တွေကလည်းရှုပ်
ပွလျက်။

" Chanyeol ... "

ခပ်တိုးတိုးခေါ်လိုက်တော့ဖွင့်လာတဲ့မျက်ဝန်း
မှိုင်းမှိုင်းတွေ။ အဖေဖြစ်တဲ့ကိုယ့်ကိုကြည့်
လာတဲ့အကြည့်တွေမှာတောင်မျှော်လင့်ချက်
တို့ပျောက်ဆုံးနေသယောင်။ ခံစားချက်မဲ့
နေတဲ့မျက်ဝန်းသေတွေကိုကြည့်ပြီးဥက္ကဌ
Parkသက်ပြင်းချမိသည်။

ဘယ်လောက်ပဲဆိုးဆိုးဒီလိုနေရာတွေထိ
ဘယ်တုန်းကမှမရောက်တဲ့မိမိသားက
အခုတော့စခန်းမှာချုပ်နှောင်ခံထားရသည်
အထိ။ ဟိုးနေ့ကပိန်လိန်နေတဲ့ကားနဲ့သားကို
တွေ့လိုက်ပြီးကတည်းကဒီနေ့ထိဖြစ်ချင်
တိုင်းဖြစ်နေတဲ့သားဖြစ်သူကြောင့်သား
အမေလည်းအိပ်ရာထဲလဲလို့နေပြီ။

သားကသူ့ကိုယ်သူလုံးဝဂရုမစိုက်တော့
ဘဲပျက်စီးချင်တိုင်းပျက်စီးခွင့်ပေးလိုက်
တာဖြစ်သည်။ ဒီလိုတွေမြင်နေလို့သတိပေး
ပါလျက်နဲ့ဒီအခြေအနေထိရောက်အောင်
စိတ်ကိုလွှတ်ပေးပြီးဆိုးသွမ်းပစ်လိုက်တာ
ဘယ်သူလဲ?

စခန်းမှူးဆီမှာလက်မှတ်ထိုး၊နည်းနည်းပါးပါး
ငွေလမ်းခင်းပြီးသားတော်မောင်ကိုခေါ်လာ
ခဲ့သည်။ အိမ်ပြန်တဲ့လမ်းတစ်လျှောက်
လည်းကားပေါ်တွင်တိတ်ဆိတ်စွာပါလာ
တဲ့မိမိသားကိုကြည့်ပြီးဥက္ကဌParkစိတ်
မကောင်းဖြစ်မိသည်။ ဒီလိုတွေဖြစ်မှာမြင်
လို့ပြုပြင်ဖို့ပြောခဲ့တယ်မဟုတ်လား?
ဘယ်သူနဲ့တူလို့ဒီလောက်တောင်ဒေါသ
ကြီးပြီးအတ္တတွေပြည့်နေရတာလဲ?

Already Yours (U+Z) [Completed]Where stories live. Discover now