Part(13)

638 100 37
                                    


" သားရယ် ...မေမေ့ကိုသနားရင်လေ
ဒီစွပ်ပြုတ်လေးတော့သောက်ပါကွယ် "

နေ့အလင်းရောင်ဟိုတစ်စ၊ဒီတစ်စသာ
ရှိတဲ့မှောက်မဲနေတဲ့အခန်းကျယ်ကြီး
အတွင်းအရက်နံ့တွေရောဆေးလိပ်နံ့
တွေရောမွှန်ထူနေသည်။

ကြမ်းပြင်မှာခြေဆင်းထိုင်ပြီးအရက်ပုလင်း
ကိုလက်ကကိုင်ကာတစ်ရပ်စပ်မော့သောက်
နေတဲ့Chanyeolကိုသူ့အမေကမျက်ရည်
လေးတစ်စမ်းစမ်းနဲ့အစာဝင်အောင်ချော့
ကျွေးနေရှာသည်။ အပြင်တွေလျှောက်သွား
တာမျိုးတွေ၊ဒဏ်ရာဒဏ်ချက်တွေနဲ့ပြန်
လာတာမျိုးတွေမရှိတော့ပေမယ့်အခုလို
အခန်းအောင်းပြီးဘာမှလည်းမစား
မသောက်ဘဲပေတေနေနေတာတစ်ပတ်
ပင်ပြည့်တော့မည်။

ဥက္ကဌParkလည်းသားဖြစ်သူကိုကြည့်ပြီး
သက်ပြင်းချလိုက်သည်။ မရိတ်မသင်ထား
တဲ့မုတ်ဆိတ်မွှေးတွေနဲ့ဆံပင်တွေကလည်း
ပွယောင်းနေသည်။ အနံ့အသက်မကောင်း
တဲ့အခန်းထဲညင်းသိုးသိုးထိုင်နေပုံက
တကယ့်အရှုံးသမားပုံစံ။

" သား ...မေမေ့ကိုမသနားတော့ဘူးလား?"

" ထားခဲ့မေ ... ကိုယ်ကျွေးလိုက်မယ်
မေသွားနားတော့ ... "

မိန်းမဖြစ်သူရဲ့ပခုံးလေးကိုဆုပ်ကိုင်ကာ
ကြမ်းပြင်ပေါ်ကနေထစေလိုက်သည်။
သားရဲ့စိတ်နဲ့ပိန်သွားလိုက်တာ။နဂိုက
ဆိုမိမိရဲ့ဇနီးသည်လေးကအမြဲရွှင်လန်း
တက်ကြွနေတက်သူမဟုတ်လား?

အခန်းပြင်ကိုထွက်သွားတာတောင်သူ့သား
ကိုငေးကြည့်နေသေးသည့်မျက်လုံးမှိုင်း
မှိုင်းလေးတွေကြောင့်ဥက္ကဌParkအခန်း
တံခါးကိုသာခပ်မြန်မြန်ပိတ်လိုက်ရသည်။
ထို့နောက်ခြေလှမ်းတွေကကုတင်ကြီးကိုမှီ
ကာကြမ်းပြင်တွင်ခြေဆင်းထိုင်နေသောမိမိ
၏သားဖြစ်သူထံသို့။

" Chanyeol .... "

တုံ့ပြန်မှု့တစ်စုံတစ်ရာမရှိ။

" ဖေဖေတစ်ခုပြောပြမယ် ...မင်းမေမေ
ကလေအရင်ကဖေဖေ့ကိုလုံးဝမချစ်ခဲ့
ဘူး ... သိပ်ချောသိပ်လှတဲ့မင်းမေမေကို
ဖေဖေကတော့တက္ကသိုလ်စတက်ထဲက
အရူးအမူးပေါ့ကွာ ... တစ်ကျောင်းလုံးရဲ့
အလှမယ်မင်းမေမေကအလှဂုဏ်တော့
မောက်သားကွ ... တော်ရုံလူလုံးဝချဉ်းကပ်
လို့မရခဲ့ဘူး ... သူဌေးသားဖေဖေ့ကတော့
သူ့ကိုနည်းမျိုးစုံနဲ့ချဉ်းကပ်တာပေါ့ကွာ
ဒါပေမယ့်မင်းမေမေကသူတို့မိသားစု
ထပ်တောင်ကြွယ်ဝတဲ့ဖေဖေ့ကိုလုံးဝ
အထင်မကြီးပါဘူးတဲ့ ... "

Already Yours (U+Z) [Completed]Where stories live. Discover now