Part(14)

727 98 24
                                    


သူဘေးနားမှာမရှိတဲ့ရက်ပေါင်းသုံးရာ
ခြောက်ဆယ့်ငါးရက်တိတိကိုအားတင်း
ပြီးကျော်ဖြတ်နိုင်ခဲ့တယ်။ အရင်လိုအချိန်
ရှိတိုင်းငိုမနေတော့ဘဲကိုယ့်ဘေးမှာရှိတဲ့
လူနည်းစုလေးနဲ့အချိန်ကုန်ပြီးပျော်ရွှင်ရ
ကောင်းမှန်းသိလာပြီ။ မလွမ်းတော့တာ
တော့ဘယ်ဟုတ်ပါ့မလဲ? အလွမ်းဒဏ်ကို
ခံနိုင်ရည်ရှိသွားတာ။

လေး၊ငါးလထိကိုsehunရူးရူးမူးမူးနဲ့
ခက်ခက်ခဲခဲဖြတ်သန်းနေခဲ့ရတာပေါ့။
လူဆိုတာလည်းပိန်ချုန်းကျပြီးလူရုပ်
တောင်မပေါ်တော့အောင်ထိဖြစ်သွားခဲ့
တာ။ ကိုယ့်ကိုကိုယ်အသိပြန်ကပ်မိ
တော့အချိန်တွေဖြုန်းနေခဲ့မိတာငါးလ
ကျော်တောင်ဖြစ်သွားခဲ့ပြီတဲ့။ သူနဲ့ဝေး
ပြီးထဲကရက်တွေလတွေလည်းsehun
မသိတော့တာ။ ဒီနေ့ပြီးရင်မနက်ဖြန်
လာမယ်။ မနက်ဖြန်လည်းငါနာကျင်ရ
ဦးမှာပဲလို့တွေးမိပြီးနေ့ရက်တွေကကိန်း
ဂဏန်းထပ်နာကျင်မှု့ပေါ်ကိုသာအချိုး
ကျသက်ရောက်နေခဲ့တာ။

နေနိုင်လွန်းလို့လွှတ်ချခဲ့တာမဟုတ်ဘူး။
ဒီအတိုင်း ပင်ပန်းလွန်းလို့လွှတ်ချလိုက်
မိတာ။ ငါအတင်းရုန်းကန်ပြီးဆွဲထားရတဲ့
ကြိုးစလေးကိုဘာနာကျည်းမှု့မှမပါဘဲ
လွှတ်ချလိုက်တာ။ မင်းမမှားပါဘူး။
မင်းကိုသိပ်ချစ်ပါတယ်လို့ရေရွတ်ရင်း
ဆက်ဆွဲထားဖို့ကိုအင်အားမရှိတော့တဲ့
ငါ့အမှားပါပဲ။

ငါတကယ်မင်းအပေါ်မှာဘယ်လိုနာကျည်း
မုန်းတီးမှု့မျိုးမှမရှိပါဘူး။ မင်းကိုဆက်ချစ်
နေရဲသေးလားဆိုတာငါ့ကိုယ်ငါမသေချာ
တော့တာ။ မင်းရဲ့ဆိုးသွမ်းမှု့တွေကိုဆက်
ပြီးခွင့်လွှတ်နိုင်သေးရဲ့လားဆိုတဲ့အပေါ်
ငါ့ကိုယ်ငါသံသယဖြစ်လာတာ။

အလုံအလောက်ချစ်ပေးခဲ့တာမို့ငါလည်း
မင်းဆီကပြည့်ပြည့်ဝဝအချစ်ခံချင်ခဲ့ရုံ
ပါ။ အခုလိုငါတစ်ယောက်တည်းကျန်ခဲ့
မယ်မှန်းဘယ်ထင်ပါ့မလဲ? ဒီလိုဝေးကြ
ရမယ်ဆိုရင်ငါတို့ဘာလို့အချိန်အကြာ
ကြီးချစ်ခဲ့ကြသေးလဲ? အခုတော့အရာ
အားလုံးကအလကားပဲ။ တစ်ခုပဲရှိတယ်
ငါမင်းတစ်ယောက်တည်းကိုပဲကြည့်ပြီး
ရှင်သန်ခဲ့တဲ့အချိန်တွေကိုအရမ်းနှမြော
မိတာလေးတစ်ခုပဲ။ အဲ့တစ်ခုကလွဲရင်
မင်းကိုချစ်မိခဲ့ခြင်းအတွက်ငါ့မှာခုထိ
နောင်တဆိုတာမရှိဘူး။

Already Yours (U+Z) [Completed]Where stories live. Discover now