ခြိမ့်ခြိမ့်သဲစည်းကားတဲ့ပွဲတစ်ခု။ တစ်နည်း
အားဖြင့်လူနှစ်ဦးပေါင်းဖက်ဖို့ရာသစ္စာကတိ
ပြုကြရတဲ့မင်္ဂလာပွဲ။ လာသူမစဲတစ်ဖွဲဖွဲနဲ့
အကြင်သူနှစ်ဦးကိုလာရောက်ကောင်းချီး
ပေးကြသည်။ သက်ဆိုင်သူနှစ်ဦးလုံးရဲ့
မိသားစုကလည်းတကယ့်ဒိတ်ဒိတ်ကြဲ
တွေမို့စီးပွါးရေးသမားများ၊ မီဒီယာများ
အပြင်နိုင်ငံရေးသမားများပါလာရောက်
ဂုဏ်ပြုကြသည်။" ကိုယ်ခုထိမယုံနိုင်သေးဘူး ... "
" ဘာကိုလဲ? "
Sehunကိုခပ်ပြုံးပြုံးငုံ့ကြည့်နေတဲ့gege
ရဲ့ရင်ဘတ်ကရင်ကပ်ပန်းလေးကိုပြန်
ပြင်ပေးရင်းမေးလိုက်သည်။" မင်းလက်ခံလိမ့်မယ်ဆိုတာလေ "
" geကတော့လေ ...ကျွန်တော်ခုပဲgeရှေ့
ရောက်နေပြီမဟုတ်ဘူးလား? "အနက်ရောင်အနောက်တိုင်းဝတ်စုံအပေါ်
ကိုမှနက်ကတိုင်မပါဘဲရင်ဘတ်ကိုကြယ်
သီးနှစ်လုံးဖြုတ်ကာဝတ်ဆင်ထားတဲ့ge
ကsehunမျက်လုံးထဲတော့အရမ်းကိုခမ်း
နားနေပါသည်။ geကတော့တစ်ကိုယ်လုံး
နက်စွေးနေပေမယ့်sehunကတော့geနဲ့
ဆန့်ကျင်ဘက်အဖြူရောင်များကိုသာ
ဝတ်ဆင်ထားသည်။ သို့သော်နှစ်ယောက်
လုံးရင်ဘတ်က ရင်ကပ်ပန်းကလေးတွေ
ကတော့အတူတူပင်ဖြစ်သည်။" ခဏနေပွဲစတော့မယ်နော် ... "
Yixingကအခန်းအပေါက်ဝကနေလာ
အော်သည်။ ပြီးတော့လေလိုအလျင်နဲ့
ပြန်ပျောက်သွားပြန်သည်။တံခါးဝကိုအာရုံရောက်နေတဲ့sehun
သည်သူ့လက်နှစ်ဖက်လုံးနွေးထွေးစွာ
ဆုပ်ကိုင်ခံလိုက်ရမှသူ့မျက်စိရှေ့က
လူသားဆီအာရုံပြန်ရောက်သွားသည်။Geကsehunလက်ဖဝါးလေးနှစ်ဖက်လုံး
ကိုဆုပ်ကိုင်ကာsehunကိုလည်းနူးနူး
ညံ့ညံ့ပြုံးပြလာသည်။" ဒီလမ်းကိုမင်းနဲ့အတူလျှောက်ခွင့်ရ
တာကိုယ်တကယ်ကံကောင်းလို့ပဲဖြစ်
မယ် ... "Sehunလည်းgeကိုပိုရန်ကောဆိုတဲ့မျက်
စောင်းလေးနဲ့ပြန်ကြည့်လိုက်မိသည်။
Geကတော့sehunကိုအချိန်အကြာကြီး
ငေးကြည့်နေတုန်းပဲဖြစ်သည်။ ထို့နောက်
Sehunမျက်နှာလေးကိုသူ့လက်နှစ်ဖက်
နဲ့ထိန်းကိုင်ကာနဖူးလေးကိုခပ်ဖွဖွနမ်း
ရှိုက်သည်။ မျက်လုံးတွေမှိတ်ပြီးခံယူ
မိတဲ့အထိgeကsehunရဲ့စိတ်ရော၊ခန္ဓာ
ရောကိုလုံခြုံစေတာ။
YOU ARE READING
Already Yours (U+Z) [Completed]
FanfictionI'm falling in love with you from my deepest soul ...I know, I'm already yours .