Prologue

608 16 0
                                    

U & Z

ငါးနှစ်ရှိပြီ...ငါးနှစ်...။ ဒီရှည်ကြာလှတဲ့ အချိန်ပမာဏ
တစ်ခုက ငယ့်အတွက် လုံလောက်မူ မရှိသေးဘူးလားကွယ်။
ဒီနှစ်တွေထဲ ငယ့်ကို လွမ်းတဲ့စိတ်၊ ငယ်က ကိုယ့်ကို မယုံကြည်ခဲ့ဘူး ဆိုတဲ့ စိတ်တွေနဲ့ ကိုယ်ရှင်သန်နေခဲ့ရတယ်။

မင်းရှိရာပဲသွားချင်ပြီး၊ မင်းရှိရာပဲနားချင်တဲ့
ကိုယ့်ရဲ့စိတ်က မင်းအပေါ်မှသာ ထားတဲ့
အတ္တအနည်းငယ်။

ကိုယ့်ရဲ့ ချစ်ခြင်းတရားက မင်းအတွက်သာ
ပေါက်ဖွားခဲ့ပြီး၊ မေတ္တာတရားက မင်းနဲ့မှ ကြီးထွားလာခဲ့တာကို ကိုယ့်အချစ် ငယ်က
နားမလည်တဲ့အခါ ကိုယ့်ရင်တွေနာရပါတယ်
အချစ်ရယ်။

ငယ်က ငယ့်မြို့လေးနဲ့အတူ ကိုယ့်ကိုထားခဲ့တယ်။
ကိုယ်က ငယ့်မြို့လေးမှာ ငယ့်ကို အကြာကြီး စောင့်‌နေနိုင်တယ်။မတွေ့ချင်လို့ ပြေးသွားသူမို့ ကိုယ့်မှာ ရှာရခက်လှပါတယ် အချစ်ရယ်။ စိတ်နာလို့ပဲ ဝေးဝေး၊ စိတ်ချမ်းသာဖို့ပဲပြေးပြေး မောပန်းလာတဲ့အခါ ကိုယ့်ရင်ခွင်နွေးနွေးက မင်းစိတ်ကို အေးချမ်းစေပါ့မယ်။

ငယ့် စိတ်တွေပြေတဲ့တစ်နေ့ ၊ ကိုယ်ကို လိုတဲ့တစ်နေ့၊
ကိုယ်ကို ယုံကြည့်မယ့်တစ်နေ့ ငယ်က ကိုယ့်ဆီသာ အပြေးပြန်ခဲ့။ ကိုယ့်ရင်‌တွေကွဲပြီးပဲ ငိုခဲ့ငိုခဲ့၊ ကိုယ့်ရင်တွေခွဲပြီးပဲ ပြိုခဲ့ ပြိုခဲ့ မညိုညင်ရက်ပါဘူး
အချစ်ရယ်။

ယှဉ်ပြိုင်ရာတွေများတဲ့ လောကထဲ ကိုယ့်အချစ်တွေကိုတော့ ငယ်ကပြိုင်ဘက်ကင်းစွာနဲ့ ပိုင်ဆိုင်နိုင်တယ်။ ရင်နာစရာတွေ ကင်းဝေးလို့ ငယ့်စိတ်ကို ပျော်ရွှင်နိုင်မယ့်အရာတွေသာ
ပိုင်ဆိုင်နိုင်ဖို့ တောင်းဆုပြုပေးပါတယ် ကိုယ့်ရဲ့ငယ်။

ကိုယ်တမ်းတမိတိုင်း ခလုတ်မထိ ဆူးမညှိဖို့လည်း
တိုင်တည်ရပါတယ်။ ကိုယ့်ချစ်ခြင်းကြောင့် ငယ်ရဲ့
စိတ်ရော ကိုယ်ပါ အေးမြနိုင်စေကွယ်။

လွမ်းမိ လို့ ကဗျာတွေရေး ငယ့်အတွေးထဲ ဝင်ရောက်ချင်မိတယ်။ နှုတ်ဆိတ်လို့ အခါခါငေး
ငယ့်စိတ်ကူးလေး ကိုယ်သိချင်တယ်။ တစ်ပါးသူရဲ့
ပယောဂနဲ့ ကိုယ်တို့ ဝေးကွာခဲ့တယ်ဆိုရင်
ကိုယ့်အချစ်ကိုတော့ ပယောဂ ကင်းကင်းနဲ့ ယုံပေးပါ ငယ်။
မင်းအတွက်သာဖူးလို့ မင်းအတွက်သာဝေတဲ့ အချစ်ပန်းဖြစ်လို့
ကြင်နာသူလေး ဆင်မြန်းစေချင်တယ်။

You Belong With Me.Where stories live. Discover now