• Unicode •
အချိန်အတော်ကြာအဆက်အသွယ်မလုပ်ဖြစ်ခဲ့သည့် ဖုန်းနံပါတ်လေးကိုကြည့်ရင်း သက်ပြင်းမောတွေသာရှုထုတ်နေမိသည်။
မှန်တံခါးမှတစ်ဆင့်အပြင်ဘက်ကိုလှမ်းကြည့်မိတော့ လှုပ်ရှားသွားလာနေသည့်လူအများဖြင့် San Francisco ရဲ့ညနေခင်းက အသက်ဝင်နေသည်။
နာရီကိုကြည့်မိတော့ ညနေလေးနာရီခွဲနေပြီဖြစ်သည်။ Seoul တွင်တော့ မနက်ကိုးနာရီခွဲဖြစ်နေလိမ့်မည်။
ဦးတစ်ယောက်ကတော့ အလုပ်ခွင်ပြန်ဝင်နေပြီဟု Jun Myeon ထံမှကြားထားတာကြောင့် ခုချိန်လောက်ဆို အလုပ်စနေလောက်ပေမည်။
စရောက်ခါစကဦး နှင့်ဆက်သွယ်မိလျှင် ပြန်ချင်မည့်မိမိစိတ်ကိုအစိုးမရတာကြောင့်မဆက်သွယ်မိ။
အလုပ်စပြီးနှစ်ပတ်လောက်မှာပင် သူတို့တာဝန်ယူပေးရသည့် project သည်အစိုးရ၏ cyber security system နှင့်ဆက်စပ်နေတာကြောင့် ဆက်သွယ်ရေးကရိယာဟူသမျှသိမ်းကာ camp သွင်းလိုက်တော့သည်။
သူတို့အားလုံးအတွင်ထင်မထားသည့်အေခြအနေပေမယ့် Team leader ဖြစ်သည့် Baekhyun ကတော့သိရှိထားပြီးပုံပေါ်လေသည်။
မိသားစုအတွက်အဆင်ပြေအောင် ကုမ္ပဏီဘက်ကစီစဉ်ပေးတာမို့ ခြောက်လကြာအချိန်သည် အာရုံမများရပဲ အလုပ်နှင့်သာလုံးပမ်းရင်း ကုန်ဆုံးသွားခဲ့သည်။
နင့်နင့်နဲနဲလွမ်းရသည့်ရက်တွေမပါလျှင်တော့ အချိန်အများစုက စာရွက်တွေတဖျပ်ဖျပ်လှန်သလိုကုန်သွားတာပဲဖြစ်သည်။
Main project သည်ယနေ့ပင်ပြီးသွားတာမို့ အလုပ်ခွင်၏ မူလနေရာကိုပြန်ရောက်လာသလို သိမ်းယူထားသည့် ဆက်သွယ်ရေးကိရိယာများကိုပြန်ပေးလာသည်။
Team တစ်ခုလုံးကတော့စနောက်ရင်း ပျော်ရွှင်ရယ်မောနေကြသည်။ အဓိကကတော့ အလုပ်ဆင်းရင် night out ထွက်မည့်အကြောင်းသာဖြစ်သည်။
ခြောက်လလုံး လူမရှိသူမရှိသည့် ကျွန်းပေါ်သွားနေခဲ့ရသည်မဟုတ်ပါလား။
"ကဲကဲ ဒီနေ့စောပြန်ကြမယ်ဟေ့ သုံးရက်အနားရမယ်နော် ပြီးတော့ဒီနေ့စိတ်ကြိုက်ကဲကြ..ငါရှင်းမှာနော်"