•Unicode•
Jongin တစ်ယောက်သားနှင့် ဆေးရုံသို့ရောက်လာခဲ့သည်။
ဆေးရုံတွင်တော့ ဦးလေး Wu ကဆေးအရှိန်နှင့်အိပ်မောကျနေဆဲဖြစ်ကာ သိပ်မကြာခင်မှာပင် Wu Feng လည်းရောက်လာသည်။
"အစ်ကို Jongin ကရောက်တောင်နေပြီပဲ"
"သားလည်းစောစောနိုးနေတော့ထွက်လာခဲ့လိုက်တာ"
"ဟုတ်"
"Feng Er ရောမနက်စာစားခဲ့ပြီးပြီလား"
"ဟုတ်.."
ထိုအခိုက် mail ဝင်လာသည့်အသံကြောင့် Jongin ဖုန်းကိုဖွင့်ကြည့်လိုက်တော့ Sehun ထံမှ စာနှင့် selca တစ်ပုံ
အိပ်ရာအခုမှထသည်ထင်ပါရဲ့ ဆံပင်တွေထိုးထိုးထောင်ထောင်နှင့် မျက်လုံးပင်ကောင်းကောင်းမပွင့်သေးသော်လည်း လက်နှစ်ချောင်းထောင်ရင်းပဲများထားပြန်သည်။
''Good morning ဦး
ချစ်တယ်''Jongin ဘာစာမှပြန်မပို့သော်လည်း ကောင်လေးကတော့ ဇွဲရှိစွာပဲ စာတွေမပျက်မကွက်ပို့နေမြဲပင်။
"အကို Jongin"
"ပြောလေ Feng Er"
"ဆရာဝန်ကြီးကလာတွေ့ဖို့ပြောထားတယ်"
"အင်း သွားကြတာပေါ့"
.
.
.
ဆရာဝန်နှင့်တွေ့ပြီးတော့ သတိရပြီးနှစ်ရက်ခန့်နေလျှင် အနားယူရန်တိုက်တွန်းသည်။ မြို့ပြထက်ကျေးလက်လို လေကောင်းလေသန့်ကောင်းကောင်းရနိုင်သည့် နေရာကိုရွေးရန်ပါတစ်ဆက်တည်း မှာကြားလိုက်သေးသည်။ဆရာဝန်ထံမှပြန်တော့ နှစ်ယောက်သားလမ်းလျှောက်လာရင်း စကားဆိုမိသည်။
"သွားမယ့်နေရာကိုတော့ ဦးလေး Wu သတိရမှာမေးကြည့်ကြတာပေါ့ "
"ဟုတ်ကဲ့"
"ဒါနဲ့ Feng Er ရောအခုဘယ်မှာအလုပ်လုပ်နေလဲ"
"China ကဆေးရုံကြီးမှာပဲ။ ဦးလေး Wu နေမကောင်းဘူးဆိုလို့လိုက်လာခဲ့တာ"
Wu Feng မိဘများက Shixun ဆုံးပြီးနောက်နှစ်မှာပင် car accident နှင့်ကွယ်လွန်သွားကြခြင်း။ သားငယ်မရှိတော့သော ဦးလေး Wu ကပင် Wu Feng ကိုသားအဖြစ် မွေးစားခဲ့သည်။ ထိုအချိန်က Feng Er က ခြောက်နှစ်သားပင်ရှိသေးသည်။ ထို့နောက် ဦးလေး Wu ကကိုရီးယားကိုအလာကျဲသွားသလို Feng Er ကိုလည်း ခေါ်မလာဖြစ်ခဲ့တော့။