•Unicode•
Sehun ဆိုင်ထဲပြန်ရောက်တော့ ဦးကကော်ဖီတောင်ကုန်နေပြီဖြစ်သည်။
"မင်းကောင်းကောင်းကြိုးစားနေတာကို ကိုယ်မြင်ခဲ့ပါတယ်"
Jongin စကားအဆုံး Sehun ကမျက်လုံးလေးတွေမှေးမှိတ်သွားသည်အထိ ပြုံးပြပြန်သည်။
"ဒါဆို ကိုယ်ပြန်တော့မယ် သားကိုကြိုရဦးမှာမို့"
"ဦး!...ဟိုလေ..ကျွန်တော်လိုက်လို့ရမလားဟင်"
"ဟင်!!"
"မနက်ဖန်ကျောင်းပိတ်ပြီဆိုတော့ ခရီးသွားကြမလို့..ဦးနဲ့ အချိန်နည်းနည်းပဲဖြစ်ဖြစ် ပိုနေချင်လို့.."
.
.
.
သေချာအာရုံစိုက်ကာ ကားမောင်းနေသောဦးနှင့် မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ဦး ကိုကြည့်နေသော Sehun"ကောင်လေး"
"ဗျာ!"
Jongin ကစကားစရန်ခေါ်လိုက်ခြင်းသာဖြစ်သော်လည်း ခိုးကြည့်နေသည့်အခိုက်နှင့် ဆုံသွားသော Sehun မှာတော့ လန့်ဖျပ်သွားရသည်။
"မင်းကျောင်းပြီးရင်ဘာလုပ်ဖို့စဉ်းစားထားလဲ..ဖြစ်ချင်တာမျိုးရှိလား"
"Programmer ဖြစ်ချင်တာ..လူတွေရဲ့ နေ့စဉ်ဘဝမှာ လွယ်ကူပြီးအသုံးဝင်မယ့် app တွေ အထောက်အကူဖြစ်လာမယ့် AI program တွေရေးချင်တာ"
"ရည်ရွယ်ချက်ကကောင်းတယ်..ဒါဆို ကျောင်းပြီးရင် ဘယ် company ကိုသွားမယ်ဆိုပြီး စဉ်းစားထားတာရောရှိလား"
သည်စကားအဆုံးမှာတော့ Sehun ကခဏမျှငြိမ်သက်သွားသည်။
"အဲ့တာကိုတော့ ခုထိမဆုံးဖြတ်ရသေးဘူး"
"အေးအေးဆေးဆေးစဉ်းစားပေါ့ ရွေးချယ်ခွင့်တွေကများပါတယ်"
"ဟုတ်"
ထိုအချိန်မှာပင် သင်တန်းကျောင်းတစ်ခုရှေ့တွင် ဦး ကကားရပ်ကာ Kai လေးကိုဆင်းခေါ်သည်။
Kai လေးကတော့ Sehun ကိုမြင်သည်နှင့် အိမ်ပြန်လမ်းတစ်လျှောက် Sehun ပေါ်သာတက်ထိုင်လာတော့သည်။
အိမ်ကိုရောက်တော့ ညမှောင်လုနီးပြီဖြစ်သည်။
"ဒါဆို ကျွန်တော်ပြန်တော့မယ် ဦး"