Part : 9

171 28 6
                                    

• Unicode •

ပန်းခြံငယ်လေးမှထွက်ခဲ့ပြီး Jongin တို့သွားလေ့ရှိသည့် internet ဆိုင်သို့ဦးတည်လိုက်သည်။

လမ်းကူးရန်စောင့်နေတုန်း လမ်းတစ်ဖက်ရှိ ပေါင်မုန့်ဆိုင်ထဲမှ ထွက်လာသော Shixun

Jongin ကိုမြင်တော့ အံ့ဩဟန်နှင့်ပြုံးပြလာသည်။ ခုန်ဆွခုန်ဆွလုပ်ကာ လက်တွေပါပြနေသေးသည်။

Jongin မှာလည်း ယခုမှ ရင်ထဲပေါ့သွားသည့်အဖြစ်။ Wu Shixun ဟူသည့်အကောင်ပေါက်ကလေးကား လူကို‌အတော်ပူပန်စေနိုင်သည်။

Jongin ခပ်မြန်မြန်ပင် တစ်ဖက်လမ်းကိုကူးသွားလိုက်သည်။

"ထင်သားပဲလိုက်လာမယ်ဆိုတာ"

"မပြောလိုက်ချင်ဘူး."

"စိတ်မဆိုးပါနဲ့ Jongin ရယ် အပြင်တောင်ရောက်လာပြီဟာ... internet ဆိုင်သွားရအောင်"

"သွားမယ်."

"အယ်..ငါပြန်ဖို့ပြောမယ်ထင်နေ‌တာ"

"..အင်း..ဦးလေး Cha တို့ကို အဲ့ဆိုင်ရှေ့မှာလာခေါ်ဖို့ပြောထားပြီးသား..သွားမယ်"
.
.
.
.
ဆိုင်ကိုရောက်တော့ အထဲမဝင်တော့ပဲ အပြင်နားတွင်ချထားသော ခုံတန်းလေးတွင် နှစ်ယောက်သားဝင်ထိုင်လိုက်သည်။

"Wu Shixun မင်းကပြောလို့ဆိုလို့ကိုမကောင်းဖူး။ ဦးလေးကစိတ်ပူမှာလည်းထည့်စဉ်းစားပါဦး"

"Jonginne ကလည်း ခုဘာမှမဖြစ်တော့တာကြာပြီပဲဟာ"

"တော်ပါပြီ"

ထိုအခိုက် အနားကိုရောက်လာသော လူရိပ်များကြောင့် ‌မော့ကြည့်လိုက်သည်။

ကျောင်းအားကစားပွဲတွင် Jongin တို့နှင့်ပြသနာဖြစ်ခဲ့သည့်အုပ်စု

"ဘာကိစ္စလဲ?"

Shixun ထံမှအေးစက်စက်သံ။ Jongin တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း

"Jongin na..ငါ့ကိုရေသွားဝယ်ပေးပါလား"

"မင်းပြသနာမဖြစ်နဲ့ဦးနော်"

"စိတ်ချပါ"

Shixun ကလည်းပြုံးပြုံးရွှင်ရွှင်ပြောနေခြင်းဖြစ်သလို တစ်ဖက်အုပ်စုမှာလည်း ရန်ရှာလိုသော အရိပ်အယောင်မတွေ့ရတာမို့ ခပ်လှမ်းလှမ်းတွင်မြင်နေရသည့် မုန့်ဆိုင်သို့ထွက်လာခဲ့သည်။

HIATUS_Where stories live. Discover now