•Unicode•
One week later..
Sehun တစ်ယောက်ထုံးစံမပျက် ကော်ဖီဆိုင်သို့ထွက်လာခဲ့သည်။ ဦးကလည်း ထုံးစံမပျက် Sehun ကိုကလေးလိုသာဆက်ဆံနေဆဲပင်။
ခပ်လှမ်းလှမ်းတွင်မြင်နေရပြီဖြစ်သော ကော်ဖီဆိုင်ကိုကြည့်ရင်း Sehun ခေါင်းထဲ ပေါက်တက်ကရအတွေးတို့ဝင်လာသည်။
ကားကအရှိန်မထိန်းနိုင်ပဲမောင်းလာ လမ်းဖြတ်ကူးနေတဲ့ ကလေးလေးကိုတိုက်မိမလိုဖြစ် Sehun ကဝင်ကယ်၊ ဦးကမြင်သွားပြီး စိတ်လှုပ်ရှားသွား။
လမ်းမကြီးကိုလှမ်းကြည့်လိုက်တော့ ပုံမှန်အရှိန်နှင့်မောင်းနေသောကားများသာရှိပြီး လမ်းမဘေးလမ်းလျှောက်နေသူကတော့ Sehun တစ်ယောက်ထဲသာ။
နောက်တစ်မျိုးလည်းရှိသေးတယ်။ ကော်ဖီဆိုင်ရှေ့မှာ ဦးနဲ့ Sehun နဲ့တွေ့၊ အဲ့အချိန်မှာ အပေါ်ထပ်က ပန်းအိုးက ဦးအပေါ်ပြုတ်ကျလာ Sehun ကကာကွယ်ပေး ဦးကစိတ်လှုပ်ရှား။
လမ်းမတစ်ဖက်ရှိ ကော်ဖီဆိုင်လေးကတော့ နှစ်ပ်ပေမယ့်လို့ အပေါ်ထပ်ကပတ်ပတ်လည်မှန်ကာထားပြီး ပြုတ်ကျစရာဆိုလို့ ပန်းအိုးတော့မရှိ 6'×2' board သာရှိသည်။ ဒါသာပြုတ်ကျပြီးပိလို့ကတော့ လူလည်းပြားဖို့များသည်။
နောက်တစ်မျိုးကွာ။ ပြာတာတာနဲ့ဆိုင်ကအမကြီးက ကော်ဖီခွက်ယူလာတုန်း ခလုတ်တိုက်လဲကွာ။ ဦးကိုကော်ဖီတွေစင် အင်္ကျီပေသွား Sehun ရဲ့ အင်္ကျီကိုငှားလိုက်။ ဒါလည်းမဆိုးဘူး။
သို့သော် ဆိုင်ကအမကြီးကလူက ပြာတာတာနဲ့ ဟိုဟာတိုက်ချ၊ သည်ဟာတိုက်ချ၊ ဟိုဟာလွတ်ကျ၊ သည်ဟာလွတ်ကျပေမယ့် customer service ပေးရင်းနဲ့တော့ဘယ်တော့မှ မလွဲဖူး အင်းးး။
ပေါက်ကရလေးဆယ်တွေးရင်းခေါ်ရင်း ကားလမ်းကူးလိုက်သည်။
အင်း..ဘာမှလဲမဖြစ်ဘူး။
ကော်ဖီဆိုင်ထဲ အန္တရာယ်ကင်းကင်း ရောက်သွားပြီးနောက်....
ခတ်ခဲလိုက်တာ။
ဦးနဲ့ နည်းနည်းလောက်ပဲဖြစ်ဖြစ် ပိုနီးရရင်ကို...
ဦးရောက်မည့်အချိန်ထက်စောလာခဲ့တာမို့ ထောင့်ကျကျစားပွဲကို ရွေးကာဝင်ထိုင်လိုက်သည်။