Part : 11

200 37 10
                                    

Unicode

Sehun တစ်ယောက် ဦးနဲ့မတွေ့ဖြစ်တာ ရှစ်ရက်ကြီးများတောင်ရှိပြီမို့ ကော်ဖီဆိုင်သို့ချီတက်ခဲ့သည်။ မလုပ်ဖြစ်သော စာများလည်း ဦးမျက်နှာမြင်ပြီးရင် လုပ်နိုင်မှာသေချာတာမို့ laptop ကိုလည်း ကလေးလိုရင်ခွင်ထဲပိုက်လာသေးသည်။

ဆိုင်ရှေ့ရောက်သည်နှင့် ဦးထိုင်နေကျနေရာလေးကို အရင်လှမ်းကြည့်သည်။

Hair up နှင့်ဦးက laptop ကိုစူးစူးစိုက်စိုက်ကြည့်နေရင်း ကော်ဖီကိုခပ်ဖြည်းဖြည်းသောက်ပြီး ပြန်ချလိုက်သည့် အမူအရာကပင် Sehun အတွက်တစ်မေ့တမော ငေးမောစရာပင်ဖြစ်လို့နေသည်။

ရုတ်တရက် ခေါင်းပေါ်တစ်ခုခုကျလာသလို အထိအတွေ့ကြောင့် လက်နှင့်ခေါင်းပေါ်စမ်းကြည့်လိုက်တော့

**ငှက်ချီး**

OH YES!!

ဆိုင်ရှေ့တင် ထခုန်ပြီးလေထဲ လက်သီးတွေပါပစ်သွင်းလိုက်သည်။ ဘယ်သူပြောခဲ့မှန်းမသိပေမယ့် ငှက်ကခေါင်းပေါ် မစင်စွန့်ရင် ကံကောင်းတယ်ဆိုတဲ့အဆိုရှိတယ်မဟုတ်ပါလား။

ကံ‌ကောင်းစေမဲ့အဆောင်လေး။ ဦးနဲ့စကားပြောတာအဆင်ပြေဖို့ ဒီတိုင်းထားမှ။

ဆိုင်ထဲဝင်ကာ ဦးထိုင်နေရာစားပွဲဝိုင်းထံ တန်းတန်းမတ်မတ် သွားကာဝင်ထိုင်လိုက်သည်။

လူရိပ်ကျတာကြောင့်ထင် ဦးကမော့ကြည့်လာသည်။ Hair up ကြောင့်ပုံမှန်ထက်ပိုရှင်းလင်းနေသည့် မျက်နှာလေးကခန့်ညားနေသည်။ Sehun ကိုမြင်တော့မျှော်လင့်မထားသည့်ဟန် မျက်လုံးညိုညိုတို့က ဝိုင်းသွားသည်။ ပြီးနောက် ကြည့်လက်စ laptop ထံအကြည့်ပြန်ရောက်သွားသည်။

"ဦး"

".."

"ဦးလို့"

ဒုတိယအကြိမ်ခေါ်ပြီးသည့်နောက်မှာတော့ ဦးက Sehun ကိုမျက်လုံးချင်းဆုံအောင်ကြည့်လာသည်။

"အင်း..ဘာပြောမလို့လဲ"

"ရှေ့ရက်တွေမှာ ကျွန်တော်သေချာစဉ်းစားပြီးပြီ"

"ကိုယ်ကမင်းအတွက်အရေးမကြီးဖူးဆိုတာ သေချာသွားသိလောက်ပြီပေါ့"

HIATUS_Where stories live. Discover now