• Unicode •
"Jun..လာလေ ဒီမှာ Jongin Hyung က မင်းနဲ့စကားပြောစရာရှိလို့တဲ့ မနေ့ကလဲလာခဲ့သေးတယ်"
*ဘာ...ဘာကြီး!! မနေ့ကလည်းလာခဲ့သေးတယ်!!*
Xing ကတောင့်ခဲနေသည့် Jun Myeon အခြေအနေကိုသတိမမူမိစွာ ထိုင်ရန်ပြောနေသည်။
"အဲ့တာဆို အေးအေးဆေးဆေးပြောကြပါ။ ကျွန်တော်အလုပ်လေးရှိလို့ခ္ငင့်ပြုပါဦး...လာလေ Jun"
Xing က Jun Myeon ကိုဆွဲကာထိုင်ခိုင်းပြီးနောက်ထွက်သွားတော့သည်။
အကိုထသွားပြီးမှ Jun Myeon နှုတ်ခမ်းကိုသပ်ရင်း Jongin Hyung ကဘယ်ကစပြောရမလဲစဉ်းစားနေမိသည်။
Shirt အညိုလက်ရှည်နှင့် အနက်ရောင် pants အရှည်ကိုတွဲဝတ်ထားသည့် Jongin Hyung က အသက် 36 နှစ်လို့မထင်ရအောင်ပင်နုပျိုကာထင်လင်းနေသည်။
အသက်လေးဆယ်မှ ဘဝစတာဆိုသည့်စကားက Jongin Hyung ကိုရည်ညွှန်းထားသလာမှတ်ရလောက်အောင် မျက်နှာကမှအစကြည်စင်လို့နေသည်။
Ooh Sehun ကတော့ကံေကာင်းပြီးရတနာအထုပ်လိုက်ကြီးကောက်ရခဲ့တာပင်။
မျက်နှာကဘယ်လောက်ပဲနုပျိုနေနေ အရှိန်အဝါကတော့ သက်လတ်ပိုင်းယောက်ျားတစ်ယောက်အနေနှင့် ရှိန်သွားစေသည့်အတိုင်းအတာတွင်ရှိသည်။
"ကောင်လေး..ဘယ်မှာလဲဆိုတာ မင်းသိနေတယ်မလား"
"ကျွန်..ကျွန်တော်တကယ်မသိတာပါ.."
"ကိုယ်မင်းကိုတောင်းဆိုနေတာမလို့...ကျေးဇူးပြုပြီး"
"Hyung အဲ့..အဲ့လိုကြီးမပြောပါနဲ့"
"..."
အားးးးးးဒီ Hyung ရဲ့ မျက်ဝန်းကြီးတွေက!!!!!
လူကိုရူးသွားအောင်လုပ်နေတာပဲ!!!!ဒါပေမဲ့လည်း
"တကယ်ကြီးမသိတာပါ Hyung ရယ်"
**ကျေးဇူးပြီးကျွန်တော့်ကိုအခတ်တွေ့အောင်မလုပ်ပါနဲ့တော့..(╥﹏╥)**
****
Jongin ရေမွှေးဆိုင်ကိုပြန်ရောက်တော့ စိတ်ပျက်အားလျော့စွာပင်ထိုင်ချမိတော့သည်။လွန်ခဲ့သောခြောက်လကပင် company ထဲက အရှုပ်တွေရှင်းထုတ်ပြီးဖြစ်ကာ ယုံကြည်ရသူကို CEO နေရာကိုလွှဲပေးခဲ့ပြီးဖြစ်သည်။