•Unicode•
5:30 AM
Incheon international airport
"ဝါးးး..အိပ်ချင်လို့သေတော့မှာပဲ"
မနက်စောစောလေဆိပ်ထဲတွင် luggage တွေကိုမှီကာ အရည်ပျော်မတက်ပျင်းနေကြသော Sehun တို့အုပ်စု။
ညဘက်အိပ်ချင်မူးတူးနှင့် လေယာဉ်ချိန်မှားကာ booking လုပ်မိသော Eren ကိုတောင်အပစ်မတင်နိုင်သည်အထိ အိပ်ချင်စိတ်ကကြီးစိုးလို့နေကြသည်။
ဒါတောင်ကံကောင်းကာ အချိန်မှီနိုးခြင်း။
3:30 AM
ညနက်သန်းခေါင်မှစာထထလုပ်တက်သည့် သူများဖြစ်သည့်အားလျော်စွာ စာမေးပွဲပြီးတာတောင် ပိတ်ဖို့မေ့နေသော နိုးစက်အချိန်တန်သည်နှင့်တာဝန်ထမ်းဆောင်တော့သည်။
မနက်သုံးနာရီခွဲကြီး ဖုန်းဖွင့်ကာ alarm ပိတ်ရင်း ချက်ချင်းပြန်မအိပ်ပဲ ဖုန်းကိုကြည့်မိတော့မှ လေယာဉ်ချိန်မှားနေမှန်းသိသည့်အဖြစ်။
"ဟေ့ရောင်တွေ!!!ထကြဟ!!လေယာဉ်မမှီပဲနေတော့မယ်"
အိပ်ချင်မူးတူးနှင့် luggage တွေချ။ အဝတ်တွေလည်းဖြစ်သလိုထည့်။ ညကတစ်အိမ်လုံးဖွထားသမျှကိုလည်း အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးကာသိမ်းရင်း နောက်ဆုံးမှာတော့ ဗရုတ်သုတ်ခအုပ်စုကား မနက်ငါးနာရီခွဲမှာလေဆိပ်ထဲထိုင်ငိုက်နေပြီဖြစ်သည်။
"Eren ရယ်မကျေနပ်တာတွေများနေလို့ လက်စားချေသလားမှတ်ရတယ်"
ထိုင်ခုံတွင်လျှောကျမတက်မှီထိုင်ရင်း Luggage ကိုခြေထောက်နှစ်ဖက်ကြားညှပ်ကာ ရှေ့တိုးနောက်ဆုတ်လုပ်ရင်း ပြောလာသည့် Jun Myeon. လူကတော့မျက်လုံးပင်ကောင်းကောင်းမပွင့်။
မနက်စောစောကတည်းက နှိုးစက်ကျေးဇူးနှင့်နိုးကြားနေသော Eren ကတော့ မြင်ရခဲလှသောမြင်ကွင်းဖြစ်သည့် Levi တစ်ယောက်ခေါင်းတစ်ခုလုံးချာချာလည်အောင် ငိုက်နေပုံကို video မှတ်တမ်းတင်ရင်း အလုပ်များလျက်ရှိသည်။
မျက်မှောင်ကြုတ်ထားရင်း အမြဲတည်တင်းနေတက်သော မျက်နှာလေးက ယခုတော့ ကြည်ကြည်လင်လင်နှင့် အိပ်မောကျနေသည်။