❤️
89 11 1
ဟိုလှည့်သည်လှည့်နဲ့ ဒုတိယမြောက်အပိုင်းရှည်လေးပြီးသွားပါပြီ။
ကြားထဲမှာအချိန်တွေအကြာကြီး Hiatus ဖြစ်သွားတဲ့အတွက် တကယ့်ကိုအားနာရပါတယ်🥺။
အဆုံးထိစိတ်ရှည်လက်ရှည်နဲ့အတူရှိပေးခဲ့ကြတဲ့ လေဒီ တို့အားလုံးကိုတကယ်ပဲကျေးဇူးအများကြီးတင်ပါတယ်❣️
Sekai fanfiction တွေစရေးဖြစ်ခဲ့တဲ့အကြောင်းကကိုယ်တွေ့ချင်မြင်ချင်တဲ့ ပုံစံမျိုးလေးတွေရှာရင်း မတွေ့တာက‌နေမှ စခဲ့တာပါ။
အမှန်အတိုင်းဝန်ခံရရင် ကိုယ်က plot ကိုအစအဆုံးချထားတာမျိုးမရှိပါဘူး။ ရေးရင်းအဆင်ပြေသလိုသွားတာပါ။ အဲ့တာကတော်တော်ဆိုးတဲ့အကျင့်ပါ။ ဇာတ်လမ်းကအစလေးပဲခိုင်ခိုင်မာမာရှိပြီး အလယ်နဲ့နောက်ပိုင်းမှာအတော်ဖရိုဖရဲဖြစ်သွားတယ်လို့ခံစားရတာမို့ အားလုံးကိုတကယ်တောင်းပန်ပါတယ်။
Update တွေမပေးနိုင်တော့ တကယ့်ကိုအားနာပြီး Drop ပစ်လိုက်ဖို့ခနခနတွေးခဲ့ပေမယ့် ဖတ်ပေးတဲ့သူတွေကို အားနာတာကြောင့်ပဲ အဆုံးထိရောက်ခဲ့ပါတယ်။ ဒါ့ကြောင့်တကယ့်ကိုကျေးဇူးတင်ပါတယ်။❣️
စာရေးဖို့ကိုလုံးဝအာရုံမရတဲ့ထိဖြစ်ခဲ့တာမို့ တ
Part 1 မှာပြောခဲ့သလို ဘာ plot twist မှမ‌ျားများစားမပါခဲ့ပါဘူး။ ကိုယ်က drama တွေကိုဖတ်ပဲဖတ်ချင်ပြီး မရေးချင်ပါဘူး။ ဖတ်ရတာပျင်းစရာကောင်းနိုင်တာမို့ ဇာတ်လမ်းဇာတ်ကွက်လည်း သိပ်မပါလှပဲ လေဒီတို့အချိန်တစ်ခုပေးလိုက်ရတာမျိုးဖြုန်းလိုက်ရတာမျိုးဖြစ်သွားမှာစိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့် အများကြီးမဟုတ်ပေမယ့် ကိုယ်ပေးနိုင်သလောက် general knowledge လေးဖြစ်ဖြစ်ပေးနိုင်အောင် အချို့သော အချက်တွေကိုသေချာလေးရှာပြီးထည့်ရေးထားခဲ့ပါတယ်။
Liquid Gold လည်းအပြင်မှာရှိတဲ့ဆိုင်ပါ။
တည်းခဲ့တဲ့  Hotel နဲ့ Wedding လုပ်တဲ့ Foreign Cinema လည်းပဲ San Francisco မှာတကယ်ရှိပါတယ်။
Marriage License နဲ့ပတ်သတ်တာတွေကလည်း တက်နိုင်သမျှရှာဖွေထားတာတွေပါ။
သိချင်တာတွေရှိရင်မေးလို့ရပါတယ်နော်။
သိသလောက်လေးပြန်ပြောပြပါ့မယ်။
နောက်ထပ် အသစ်တစ်ခုထပ်ရေးဖြစ်တဲ့အခါပြန်တွေ့ကြပါမယ်😚
HIATUS_Where stories live. Discover now