part 1 Zawgyi@ Uni

19K 268 0
                                    

မောင့်ထက်မိုက်မယ့် မ (အပိုင်း ၁)

"ဝမ်း"

"တူး"

"သရီး ဂိုး"

"ကျွီ........."

ရေတွက်သံအဆုံးမှာ ပြိုင်ကား နှစ်စီး၏ အပြိုင်အဆိုင်ထွက်သွားသံ ဟီးခနဲ ကျန်ရစ်ခဲ့သည်။ နောက်ဆုံးပေါ်ပြိုင်ကားအနီရောင်လေး၏ စီယာတိုင်နှင့် လီဗာကို ကျွမ်းကျင်စွာ ထိန်းချုပ်ရင်း ဂျစ်ဂျစ် နူတ်ခမ်းတစ်ချက်ကို စောင်းကာပြုံးလိုက်၏။ ထိုအပြုံးသည် အရာရာကို အောင်နိုင်သူတစ်ယောက်၏အပြုံးမျိုးပင်။ လက်နှစ်ဖက်နှင့် ခြေတစ်ဖက်ကို ကျွမ်းကျင်စွာ လှုပ်ရှားလိုက်သည်နှင့် သူ့၏ ပြိုင်ကားနီနီလေးသည် လေကိုဆန်၍ တစ်ဟုန်ထိုး ပြေးနေလေသည်။

ဘေးမှာကပ်ပါလာသည့် ပြိုင်ကားအဖြူလေးကို တစ်ချက်ပင်ငဲ့မကြည့်ဘဲ လီဗာကိုပို၍ဖိနင်းကာ အရှိန်ကုန်မြှင့်တင်လိုက်သည်။ မြန်နူန်းက လိုက်မှီဖို့ခက်လှသည်။ ပြိုင်ကားလောကတွင် ဂျစ်ဂျစ်သည်သာ ဘုရင်တစ်ဆူ။ ပြိုင်ပွဲတိုင်းတွင် အောင်နိုင်သူ။ ဒါကြောင့်လည်း ဂျစ်ဂျစ်ပြိုင်သည့်ပွဲတိုင်းသည် ကြေးကြီး၏။

ဆုတောင်းကောင်းသူအချို့အတွက် လက်ညိုးညွှန်ရာရေဖြစ်ပေမဲ့ ဂျစ်ဂျစ်အတွက် ဆုတောင်းကောင်းချင်းသည် လက်ညိုးညွှန်ရာ မော်ဒယ်အမြင့်ဆုံးနှင့် အလှဆုံးကားတို့ဖြစ်သည်။ မိဘနှစ်ပါးလုံးသည် ကားထုတ်လုပ်သည့်လုပ်ငန်းသာမက ပြည်တွင်းပြည်ပ ကားတင်သွင်းခွင့်ကိုပါ ချုပ်ကိုင်ထားသူများဖြစ်ကြသည်။အစ်မဖြစ်သူကလည်း ကားရှိုးရွန်းဖွင့်ထားလေသည်။ ထို့ကြောင့် ဂျစ်ဂျစ်သည် ပြိုင်ကားခရေစီဖြစ်လာသည်မှာ မဆန်းကျယ်။ ငယ်စဉ်ကတည်းက ကားနှင့်ရင်းနှီးကျွမ်းဝင်ခဲ့သူပီပီ ကြီးလာတော့ ပြိုင်ကားလောက၏ ဘုရင်တစ်ဆူဖြစ်လာခဲ့သည်။ ပြိုင်ကားနှင့်ဂျစ်ဂျစ်၊ ဂျစ်ဂျစ်နှင့်ပြိုင်ကား အတူတူပင် ခွဲထား၍မရ။

"ကျွီ....ကျွီ....ကြီ်းးး"

"ဟေး......ဂျစ်ဂျစ်ကွ...."

စီယာတိုင်ကို လိုသလိုလှည့်ကစားကာ ပန်းဝင်လာပြီးလျှင် ကားဘော်ဒီကို နှစ်ပတ်သုံးပတ်မကလှည့်ပြစ်လိုက်ကာ နောက်မှ ရပ်တန့်လိုက်၏။ အပြိုင်မောင်းလာသည့် ပြိုင်ကားအဖြူလေးမှာ ကွာဝေးသည့်နေရာတစ်ခုမှာ ကျန်ရစ်ရင်း တဖြေးဖြေးမှရောက်လာလေသည်။ ပန်းဝင်လာသည့် ဂျစ်ဂျစ်အတွက် အောင်ပွဲခံသံများမှာ ပြန့်လွင့်နေလေသည်။

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now