part 15 uni@zgyi

3.3K 101 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
🐝(အပိုင်း ၁၅)🐝

"ဂျစ်ဂျစ်...."

"ဗြမ္​း..."

ရေထဲမှာ ရုန်းကန်ရင်း တဖြေးဖြေးငြိမ်သက်သွားသည့် ဂျစ်ဂျစ်ကိုမြင်လျှင် ရဲထိုက် ဒိုင်ပင်ထိုးကာ ဆင်းသွားလေသည်။ မြန်မြန်ဆန်ဆန် အပေါ်ကိုပြန်ဆွဲတင်ကာ ဂျစ်ဂျစ်ကိုလှုပ်နှိူးလိုက်သည်။

"ဟေ့ကောင်...ဂျစ်ဂျစ်...ဂျစ်ဂျစ်...."

ရဲထိုက် လှုပ်နှိုးလို့မရသည့်အဆုံး သူ့ရင်ဘက်ကို ဖိကာရေအန်အောင်လုပ်သည်။ နောက်ဆုံး ပါးစပ်ထဲလေမှုတ်ကာ ရှေးဦးသူနာပြုနည်းအတိုင်းလုပ်တော့မှ သတိပြန်ရလာ၏။

"အဟွတ်...ဟွတ်...ဟွတ်...."

"ဟူး....တော်သေးလို့ကွာ"

ရဲထိုက်လည်း အခုမှ သက်ပြင်းချနိုင်သလို ကြမ်းပြင်ပေါ် ပတ်လက်လှန်ချလိုက်၏။ ဂျစ်ဂျစ် ရဲထိုက်ဘေးမှာထိုင်လိုက်ကာ...

"​ေက်းဇူးပဲ..."

"တော်ပါ..."

"မင်းရောက်မလာရင် ငါသေပြီ"

"နေပါဦး....မင်းကဘယ်လိုလုပ်ပြီး ရေကန်ထဲပြုတ်ကျနေတာလဲ"

ရဲထိုက်လည်း ကြမ်းပြင်ပေါ်ကနေ ပြန်ထကာ သူနဲ့ဘေးချင်းယှဉ်ပြီး ထိုင်လိုက်၏။

"ဒေါ်စိန်စီဝင့်ကြွယ် ရောက်လာတယ်"

"ဘယ်လို..."

"သူငါ့ကို တော်တော်ဒေါသထွက်ပြီး ပေါက်ကွဲသွားတာ...ဟွန့်....အဲ့အဒေါ်ကြီးက ကလေးလိုပဲ..."

ပြုံးလိုက်သည့် ဂျစ်ဂျစ်ကြောင့် ရဲထိုက် ခေါင်းခါလိုက်ကာ....

"မင်းတော့သွားပြီ ဂျစ်ဂျစ်။ ဘာလဲဟိုက ရေထဲကန်ချသွားလို့လား"

"အင်း..."

"ဟေ့ကောင် တကယ်ပြောနေတာလား"

"သူကန်ချလို့ ငါရေကန်ထဲမှာရောက်နေတာပေါ့။ ငါကရေထဲဆင်းဆော့စရာလား"

"မင်းအခုပြုံးနေပေမယ့် အခန့်မသင့်ရင် မင်းသေသွားနိုင်တာကို သိရက်လား။"

"အခု မင်းကယ်လို့မသေသေးဘူး"

"ဂျစ်ဂျစ်...."

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now