part 12 uni@ zgyi

3.1K 101 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
🐲(အပိုင်း ၁၂)🐲

သတင်းထောက်တွေ ဧည့်သည်တွေ ဝိုင်းကြည့်နေတာကိုမြင်လိုက်၍ ဂျစ်ဂျစ်လည်း လန့်သွား၏။ ဒေါ်စိန်စီဝင့်ကြွယ်ကို မကျေနပ်လို့ တမင်ဇွတ်တရွတ်လုပ်လိုက်ပေမဲ့ ဒီလောက်လူအများကြီးက ကြည့်နေတာကို ခံလိုက်ရတော့ နည်းနည်းရှိုးတို့ရှက်တန့်ဖြစ်သွား၏။ ဒါပေမဲ့ ခပ်တည်တည်ပြန်နေကာ နူတ်ခမ်းမှာပေနေသည့် အနီရောင်နူတ်ခမ်းနီတို့ကို လက်နဲ့သုတ်ပြီး ဒေါ်စိန်စီဝင့်ကြွယ်ဘက်ကို လှည့်လိုက်၏။

"ဖြန်း....ဖြန်း...."

"ဟာ..."

"ဟင်..."

"ခင်ဗျား...."

"ဖျပ်...ဖျပ်....ဖျပ်...."

စီ့ ဒေါသနှင့်အတူ ဂျစ်ဂျစ်၏ပါးပြင်နှစ်ဖက်ကို ဘယ်ပြန်ညာပြန်ရိုက်ချလိုက်၏။ ဝိုင်းကြည့်နေသည့်လူတွေ အားလုံးဟာခနဲ ဟင်ခနဲဖြစ်သွားလေသည်။ သတင်းသမားတွေကလည်း ဓာတ်ပုံကိုအမိအရရိုက်ယူလိုက်၏။

"ခင်ဗျား...."

"ခွပ်..."

ဂျစ်ဂျစ်နူတ်ဖျားမှ အသံထွက်လာသည်နှင် စီ အံကြိတ်ကာ လက်သီးနှင့်ပါထိုးချလိုက်သည်။

"အ....ဟင်...သွေးတွေ...ခင်ဗျား....ခင်ဗျား...ကျုပ်ကိုထိုးတယ်..."

စီ လက်စွပ်ဝတ်ထားသည့် လက်နဲ့ထိုးလိုက်၍ စိန်ကိုကုတ်ထားသည့် အာနေတဲ့စွန်ကုတ်က ဂျစ်ဂျစ်ရဲ့ပါးပြင်ကို စွဲခြစ်လိုက်သလိုဖြစ်ကာ သွေးစလေးထွက်သွားလေသည်။ နာကျင်သွားသည့်ပါးပြင်ကို စမ်းကာ ဂျစ်ဂျစ် မခံမရပ်နိုင်ဖြစ်နေ၏။

"မင်းကို သတ်ပါသတ်ပြစ်လိုက်ချင်တာ။ ပျော်လား...ငါ့ကိုလူတွေအရှေ့မှာ အရှက်ခွဲလိုက်ရလို့ပျော်လား.."

"မိန်းမတစ်ယောက်ကို မင်းလုပ်ချင်တိုင်းလုပ်လို့မရဘူးဆိုတာမြဲမြဲမှတ်ထား"

"အခုလို မင်းရိုင်းစိုင်းလိုက်တဲ့အတွက် နောင်တကောင်းကောင်းရစေရမယ်။ စိန်စီဝင့်ကြွယ်ဆိုတဲ့မိန်းမက ကိုယ့်ကိုစော်ကားရင် ငြိမ်မခံတက်ဘူးဆိုတာ မင်းမြဲမြဲမှတ်ထား...။ ဒီနေ့ဖြစ်ခဲ့တာတွေအတွက် မင်းဘက်ကကောင်းကောင်းပြန်ပေးဆပ်စေရမယ်"

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now