part 20 uni@ zgyi

3.5K 91 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
💐(အပိုင်း ၂၀)💐

အိမ်ရှေ့ပြန်ရောက်သည်ထိ စီ မျက်နှာကို လမ်းမဘက်လှည့်ထားကာ သူ့ကိုတစ်ချက်လေးပင်ပြန်မကြည့်ခဲ့ပါ။ အရိုင်းစိုင်းလေး ရိုင်းမှန်းသိပေမဲ့ ဒီနေ့တော့သိပ်ကိုလွန်သည်။ စီ့ကိုပြန်ပို့ပေးမယ်ဆိုပြီး အနိုင်ကျင့်ချင်တိုင်းကျင့်သည်။

"တောက်..."

ရင်ထဲက မကျေနပ်ချက်က နူတ်မှလွှတ်ခနဲထွက်သွား၏။

"ခင်ဗျား စိတ်ဆိုးနေတာလား"

ဂျစ်ဂျစ်က မသိချင်ယောင်ဆောင်၍ မေး၏။

"ငါ့ပုံက ပျော်နေတဲ့ပုံပေါက်လို့လား"

"အင်းပါ...နောက်ခါဆို ခင်ဗျားမကြိုက်ရင် မနမ်းတော့ဘူး။"

နောက်မှ ကျုပ်အပိုင်ရမှ စိတ်ကြိုက်နမ်းတော့မယ်။

ထိုစကားကိုတော့ သူမပြောမိပါ။ အခုချိန်မှာ ထပ်ပြောလျှင် ပါးရှစ်စိတ်ကွဲယုံမက ပြာပါကျသွားနိုင်လောက်သည်။

"ရောက်ပြီ..."

စီ့ရဲ့အိမ်ရှေ့ရောက်တော့ သူ့ကိုနူတ်မဆက်ဘဲ ဆင်းကာ ခြံထဲဝင်ဖို့ပြင်လိုက်လျှင် ဂျစ်ဂျစ်အနောက်ကနေ ပြေးဆင်းလာကာ ခါးကိုဖက်လိုက်၏။

"ဘာလုပ်တာလဲ "

"ခဏလေး...ငါးမိနစ်ပဲ"

"ငါ့အိမ်ရှေ့ရောက်နေပြီ။ အိမ်ထဲက တစ်ယောက်ယောက်မြင်သွားရင် မကောင်းဘူး။ မင်းပြန်ပါ။"

ပြောရင်း စီက သူ့လက်တွေကိုဖယ်ချလိုက်၏။

"ခဏလေးပါ။ ကျုပ် ခဏလေးဖက်ထားချင်လို့။ "

ရှုန်းရင်းဆန်ခက်ဖြစ်လျှင် ပတ်ဝန်းကျင်က ပိုသိသွားမည်စိုး၍ စီငြိမ်လိုက်သည်။ ငါးမိနစ်လောက်ငြိမ်လိုက်သည်က ပိုကောင်းမည်။

"ခင်ဗျား ကို ဘာလို့ချစ်သွားမှန်းကိုယ့်ကိုကိုယ်တောင် မသိတော့ဘူး။ ခင်ဗျားကတော့ ချစ်တက်မယ့်ပုံလည်း မပေါ်ဘူး။"

"သိလား...ကျုပ်ကြောင့် ခင်ဗျားမေ့လဲသွားတုန်းက တကယ်ပြာယာခက်သွားတာ။ "

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now