part 13 uni@zgyi

3.2K 96 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
🌹(အပိုင်း ၁၃)🌹

လဲကျသွားသည့် အဒေါ်ကြီးကို လက်တစ်ဖက်က လှုပ်နိူးသော်လည်း မရ။ ဂျစ်ဂျစ်ခေါင်းကို မိုးကြိုးပြစ်ချခံလိုက်ရသလို ချာချာလည်သွား၏။ အရေးပေါ်ဖုန်းကိုခေါ်ကာ ဆေးရုံတင်လိုက်ရသည်။ ရုံးခန်းထဲမှာ ကျန်ရစ်ခဲ့သည့် လာဗင်ဒါပြင်သစ်ရေမွှေးတွေဟာ သူ့ကို လှောင်ပြောင်နေသလိုပင်။

ဆေးရုံ၏ VIP အခန်းတစ်ခုထဲတွင် စီ ငြိမ်သက်စွာလဲလှောင်းနေ၏။ မျက်လုံးတို့သည်လည်း အခုချိန်ထိ မှိတ်နေဆဲပင်။ ဘေးနားမှာ ရှိနေသည့် လူတွေကတော့ သူမကိုစိုးရိမ်စွာ ရှိနေကြသည်။ ထိုလူတွေထဲတွင် ဦးထိုက်တန်နှင့် ဒေါ်ယမင်းလည်းပါ၏။

သတင်းထောက်တွေလည်းရှိနေ၏။ ဒိတ်ဒိတ်ကျဲလုပ်ငန်းစု၏ ပြဿနာကို သတင်းအမိအရယူဖို့ဟာ သူတို့၏ အလုပ်ပင်။

မထူးခြားသေးသည့် အခြေအနေကိုစောင့်ကြည့်နေကြသည့် လူတွေထဲကနေ ဦးထိုက်တန်အပြင်ကိုထွက်လာခဲ့သည်။ အခန်းရှေ့က ခုံမှထိုင်နေသည့် ဂျစ်ဂျစ် ဒယ်ဒီထွက်လာတာကိုမြင်လျှင် ကပြာကယာထရပ်လိုက်သည်။

"သတိရလာပြီလား ဒယ်ဒီ..."

"ခွပ်..."

သူ့စကားမဆုံးသေးခင် ဒယ်ဒီ့လက်သီးက သူ့ပါးပြင်ပေါ်ရောက်သွားသည်။

"အဲ့လောက်ထိဖြစ်သွားဖို့ ဂျစ်ဂျစ်မရည်ရွယ်ခဲ့ဘူး"

"ခွပ်..."

နောက်တစ်လုံးရောက်လာသည့် လက်သီးကြောင့် ဂျစ်ဂျစ်ယိုင်ခနဲဖြစ်သွား၏။

"ဒီလောက်အတန်တန်ဆုံးမထားတဲ့ကြားက ပြဿနာကိုမီးခွက်ထွန်းရှာတဲ့ကောင်။ အခုဘယ်လိုလုပ်ကြမလဲ။ ဂျေဂျေလုပ်ငန်းစုရဲ့သားက အရိုင်းအစိုင်းဆိုပြီး မီဒီယာကြားထဲမှာ ပြန့်စေချင်တာလား။ "

"ဂျစ်ဂျစ်လွန်သွားပါတယ်"

"အခုမှလွန်မှန်းသိတာလား။ မင်းကို ဘာပြောခဲ့လည်းသွားမတောင်းပန်ခင်က။ ဟွန့်...မေ့သွားပြီထင်တယ်..."

ဒယ်ဒီ့စကားကိုသူမမေ့ပါ။ ဒီတစ်ခါဆို ဂျေဂျေအိမ်တော်က ဆင်းရမှာ။

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now