part 11 uni@ zgyi

3.4K 100 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
🐉(အပိုင်း ၁၁)🐉

ဆေးရုံခုတင်ပေါ်မှာ မျက်နှာရှုံ့မဲ့လျက် လှဲနေသည့် ဂျစ်ဂျစ်ကိုကြည့်ကာ မမေ ခေါင်းခါရမ်းလျက် မျက်ရည်က ဝဲနေလေသည်။ ဂျစ်ဂျစ်ကို ဒဏ်ရာဒဏ်ချက်များများနဲ့ အခုလိုတစ်ခါမှမမြင်ခဲ့ဖူးသူမို့ ရင်ထဲနင့်သွားရလေသည်။ ဒါတောင် ဂျစ်ဂျစ်က လေသံမာမာနဲ့စကားပြောနိုင်နေသေးသည်မို့ ရင်အေးရသေးသည်။

"တရှုံ့ရှုံ့နဲ့ငိုမနေစမ်းပါန ဲ့မမေရာ...တစ်ရက်နှစ်ရက်ဆိုပြန်ကောင်းလာမဲ့လူကို သေရာသွားသလို ငိုနေတာ ကြည့်မကောင်းဘူး"

ဂျစ်ဂျစ်စကားကြောင့် မမေ မျက်ရည်လေးသုတ်ကာ သူ့ကိုမျက်စောင်းထိုးလျက်...

"ကြည့်စမ်းကောင်စုတ်လေး...အစ်မဖြစ်သူက စိုးရိမ်လို့ငိုတာကို သင်းကပြောရက်တယ်..."

"ဟုတ်တယ်လေ မမေက ငိုနေတော့ မသိရင်ဂျစ်ဂျစ်က သေသွားသလိုလိုနဲ့။ ဒီမှာ ဒဏ်ရာတွေကြောင့် စိတ်ညစ်ရတဲ့အထဲ မမေကပါငိုနေတော့ပိုစိုးတာပေါ့..."

"သြော်...ဒီက ခြေမွေးမီးမလောင် လက်မွှေးမီးမလောင် နေမထိလေမထိ ပိုးလိုဥပြီးမွေးထားတဲ့ မမေရဲ့မောင်လေးက ကျိုးကမ်းလာတာကို ဘယ်လိုစိတ်မျိုးနဲ့ကြည့်နေနိုင်မှာလည်း။ အခုဖြစ်တဲ့ကိစ္စတွေကိုလည်း မမေ မကျေနပ်ဘူးနော်။ ဂျစ်ဂျစ်ကို ဒီလိုဖြစ်အောင်လုပ်သွားတဲ့သူတွေကို အကုန်တန်းစီထောင်ချပြစ်မှာ..."

"ဟုတ်တယ်...အကုန်လုံးကို ထောင်ချပြစ်။ မမေတရားစွဲပေး...."

"ပြောစမ်း...မမေရဲ့ဂျစ်ဂျစ်ကို ဒီလိုပုံစံဖြစ်အောင်လုပ်သွားတဲ့သူ ဘယ်သူလဲ။"

ဒေါသတကြီးမေးလာသည့် မမေကိုကြည့်ကာ ဂျစ်ဂျစ်နူတ်ခမ်းတစ်ဖက်ကွေးသည်ထိပြုံးကာ  ဇက်ကြောကို လက်တစ်ဖက်နဲ့ထိုးပြလိုက်သည်။

"အဲ့နေရာကို အကြောလွဲသွားအောင်လုပ်တဲ့လူက တစ်ယောက်။"

ထို့နောက် ကျောက်ပတ်တီးကိုင်ထားသည့် လက်တစ်ဖက်ကို ပြကာ...

"ဟောဒိ လက်ကိုကျိုးသွားအောင် လုပ်တဲ့လူက တစ်ယောက်။ နှစ်ယောက်လုံးကို မမေတကယ်ထောင်ချပေးမှာလား..."

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now