part 7 uni@ zgyi

3.5K 113 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
🌺(အပိုင်း ၇)🌺

မီးရောင်တွေတလဲ့လဲ့နှင့် တောက်ပနေသည့် ပွဲခင်းတစ်ခု။ ဒီပွဲကို စီ အနက်ရောင်ဂါဝန် လည်ဟိုက်ဟိုက်ကလေးနှင့် ပွဲတက်လာခဲ့သည်။ လေလံပွဲမှာ ရှုံးခဲ့ပေမဲ့ ဦးထက်လူရဲ့စီးပွားရေး အကွက်ဘယ်လိုရွှေ့မလဲဆိုတာ သိချင်၍ ရောက်လာခဲ့ခြင်းပင်။မနေ့က ချိန်းထားပြီးမှရောက်မလာသည့် ဦးထက်လူကို စီ အထင်မကြီးပေမဲ့ ဦးထက်လူပိုင်ဆိုင်သည့် ရာသက်ပန်၏ နောက်ကွယ်က ကင်းလုပ်ငန်းစုကိုတော့ စီ အထင်သေးလို့မဖြစ်ပေ။

"မစိန်စီဝင့်ကြွယ်....ကြွပါ...ခင်ဗျာ...."

လာရောက်ကြိုဆိုသည့် ကောင်လေးကို စီ တစ်ချက်ငဲ့ကြည့်လိုက်သည်။ ဘေးဘီကိုလည်း တစ်ချက်လှညိ့ကြည့်လိုက်၏။ စီ့မျက်လုံးတွေ နေရာတစ်ခုကိုရောက်သွားလျှင် ဝိုင်ခွက်ကို ကိုင်မြှောက်ပြသည့် ဦးထက်လူကိုတွေ့လိုက်ရသည်။ စီ လာကြိုသည့်ကောင်လေးနောက်ကို လိုက်လာရင်း ဦးထက်လူအနားရောက်လာခဲ့သည်။ ကောင်လေးက ပို့ပေးပြီးသည်နှင့် ပြန်လှည့်ထွက်သွား၏။

"ဆောရီး မစိန်စီဝင့်ကြွယ်။ မနေ့က ရုတ်တရက်အလုပ်ကိစ္စလေးရှိတာနဲ့ မလာဖြစ်လိုက်ဘူး။ စိတ်မရှိပါနဲ့"

"လုပ်ငန်းကြီး လုပ်ကိုင်နေတဲ့လူတစ်ယောက်က အချိန်ကိုတောင် သေချာမစီမံ မခန့်ခွဲနိုင်တာ အံ့သြစရာပဲနော် ဦးထက်လူ။ ကိစ္စမရှိပါဘူး...လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ဘာမှမထူးသွားပါဘူး။ ဒီည ပွဲမှာလည်း ဦးထက်လူရဲ့ထူးချွန်မှုတွေကို ကျွန်မလေ့လာပါဦးမယ်..."

"မစိန်စီဝင့်ကြွယ်က တကယ်ကို အာဂမိန်းမပဲ။ အရှုံးနဲ့ရင်ဆိုင်နေရတာတောင် အပြုံးမပျက်ဘူးနော်"

"ပြိုင်ပွဲမပြီးမချင်း ကျွန်မရှုံးတယ်လို့ ဘယ်သတ်မှတ်လို့ရဦးမလဲ။ မဟုတ်ဘူးလား ဦးထက်လူ..."

"နောက်ထပ်ပြိုင်ပွဲတွေရှိသေးတယ်လို့ ထင်လို့လား"

"ထင်တာမဟုတ်ဘူး...ရှိကိုရှိနေတာ..."

မေးလေးမော့ကာ အရှေ့မှာဝဲကျနေသည့် ဆံနွယ်တို့ကို လက်ကလေးနှင့် သပ်တင်ပြီး ပြောလိုက်လျှင် ပုရိသပီပီ ဦးထက်လူ ခဏတော့မှင်သတ်သွားရ၏။ ဒါကို စီက မြင်လျှင် နူတ်ခမ်းလေးမဲ့ကာ ပြုံးလိုက်သည်။

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now