part 10uni@ zgyi

3.4K 107 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
🐍(အပိုင်း ၁၀)🐍

"ကျွီး....."

"ဒုန္​း...."

"တီ....တီး......"

"ဘွန်း...."

"ဟာ.....သား....."

ကန့်လန့်ခံနေသည့်ပြိုင်ကားအနက်ကို အနောက်က ကားအနက်လေးက ဝင်ကျုံးလိုက်လျှင် မျက်လုံးတွေပြာသွားရသူက ကင်းပါ။ သားအနောက်ကနေ တစ်ဖဝါးမှမခွာဘဲ လိုက်ကြည့်နေခဲ့ရာ အခုတော့ သူ့ရင်ထဲမီးစနဲ့အထိုးခံလိုက်ရသလို ပူလောင်သွားလေသည်။

အတိုက်ခံလိုက်ရသည့် ပြိုင်ကားအနက်လေး ချာလည်ပတ်လည် ဖြစ်သွားလျှင် အနောက်ကဝင်ကြုံးလိုက်သည့် စီတို့ကားလေးသည် ပလက်ဖောင်းကို ဝင်စောင့်သွား၏။ ကားအရှေ့မီးသီးနှင့် ပလက်ဖောင်းတို့ ပွတ်ဆွဲသွားသံတို့သည် ထိုနေရာ၌ဆူညံသွားလေသည်။

ဘေးတစ်နေရာကနေ မြင်နေရသည့် ကင်း ကားပေါ်မှာရှိနေသည့် သားကို စိုးရိမ်ကာ မြန်မြန်ဆန်ဆန်ဆင်းသွားလိုက်သည်။ သို့သော် သူအနားမရောက်ခင် စီ့ရဲ့ကားလေးသည် ဘက်တစ်ချက်ဆုတ်ကာ ပြန်ဝိုက်ပြီး လမ်းမပေါ်အေးအေးဆေးဆေးပြန်တက်သွား၏။ ဒီတော့မှ သူသက်ပြင်းချကာ နောက်ပြန်လှည့်ခဲ့သည်။
"အား....ကျွတ်...ကျွတ်...."

ကားထဲမှာ ဇက်ရိုးကျိုးသလို နာကျင်စွာ ခံစားလိုက်ရရင်း ဂျစ်ဂျစ် အော်ငြီးလိုက်၏။ သူ့ကားကို မညှာမတာ အနောက်ကနေဝင်ကြုံးသွားသည့် အဒေါ်ကြီးကို စိတ်ထဲကနေမေတ္တာပို့နေမိသည်။

"ဒီအဒေါ်ကြီး မိန်းမမှဟုတ်ရဲ့လား...အားလား...လား...."

ပြိုင်ကားတွေဆက်တိုက်မောင်းနေခဲ့ပေမဲ့ သူ့ဘဝမှာတစ်လာမှ ထိုမျှလောက် မနာကျင်ခဲ့ဖူးပေ။ ပြိုင်ဘက်တိုင်းကို အသာအယာသူ အနိုင်ယူခဲ့သည်။ အခုတော့ ဒီအဒေါ်ကြီးနဲ့ကြမှ သူဇာတ်ကျိုးမတက်ခံစားလိုက်ရ၏။

"တောက်....အဖွားကြီးတွေ့မယ် ခင်ဗျား...."

"ဘွန်း.......ကျွီ....."

အရှေ့ကနေ စီ မောင်းသွားသည့်ကားနောက်ကို ဂျစ်ဂျစ်တောက်ခေါက်ရင်း လိုက်လာခဲ့၏။ လက်တစ်ဖက်က ဇက်ပိုးကိုကိုင်ထားကာ ကျန်တစ်ဖက်က စီယာတိုင်ကို ကျွမ်းကျင်စွာကိုင်ထားလေသည်။ ခြေထောက်က လီဗာကို အရှိန်မြှင့်နင်းကာ အမှီလိုက်ခဲ့သည်။

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now