part 27 final (part 1)uni @zgyi

5.3K 124 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
👒(အပိုင်း ၂၇)👒(ဇာတ်သိမ်းပိုင်း ၁)

ကားစက်နှိူးသံကြားလိုက်ရလျှင် မမေသည် အပြေးအလွှားကားရှေ့မှာ ရပ်တန့်လိုက်၏။ စီလည်း မေ့ကြောင့် ကားစက်နှိုးထားသည်ကို ရပ်လိုက်ရသည်။

တုန်လှုပ်မှုတွေနဲ့အတူ ကားတံခါးနားကို မေရောက်လာကာ ....

"မမစီ...မမစီ...သားကိုတကယ်ပဲခေါ်သွား မလို့လားဟင်၊ မေ့ကို နောက်ဆုံးအနေနဲ့လာနူတ်ဆက်ခိုင်းတာလားမမစီ"

"ဟင်..."

စီ့ရဲ့ အတွေးတွေကို မမေဘာကြောင့်သိသွားရတာလဲ၊ စောစောက ဖုန်းဆက်တာဟာ မင်းရန်ကင်းလား?

"မမစီရယ်...မေ့မှာမမစီအပေါ် မကျေမနပ်ဖြစ်အောင်ဘာများလုပ်ခဲ့မိလို့လဲဟင်၊ သားကို အဝေးကြီးခေါ်မသွားလိုက်ပါနဲ့မမစီရယ်...မေတောင်းပန်ပါတယ်။"

"သားနဲ့ ငါးနှစ်ကြာမှ ပြန်တွေ့ခွင့်ရတာကို ရက်ရက်စက်စက်ခွဲမသွားလိုက်ပါနဲ့နော်"

"မေတောင်းပန်ပါတယ်....ထွက်မသွားပါနဲ့မမစီရယ်"

မျက်ရည်တသွင်သွင်ကျကာ အရူးတစ်ပိုင်းတားနေသည့် မမေကိုကြည့်ကာ စီရင်ထဲနင့်သွားလေသည်။

ဘေးမှာရှိနေသည့် မောင်နှမတွေနဲ့မာမီလည်း ပြာပြာသလဲဖြစ်ကုန်လေသည်။ အခုမှပြန်တွေ့ရသည့်မြေးကို ချက်ချင်းပြန်ခွဲရမည်ဆို၍ ထိတ်လန့်သွားလေသည်။

"သားကို မမစီဆီကနေ ပြန်မလုပါဘူး၊ ဒီအတိုင်းလေး မြင်နေရရုံနဲ့ကျေနပ်ပါတယ်၊ ငေးကြည့်ရရုံနဲ့တင် တော်ပါပြီ။ အဝေးကြီးကို ထွက်မသွားလိုက်ပါနဲ့"

စီ ဘာလုပ်ရမလဲ၊ အခါခါတောင်းပန်နေသည့် မမေကိုကျောခိုင်းလိုက်ရမလား၊ ရိုင်းလေးရဲ့လက်ကိုဆွဲပြီး ထွက်သွားဖို့ပြင်ဆင်ခဲ့ပေမဲ့ မမေရဲ့ငိုသံက စီ့ရင်ထဲကိုစူးနစ်စေခဲ့သည်။

ငါးနှစ်တာသံယောဇဉ်ကြိုးတစ်ချောင်းကို ဆုံးရှုံးမှာ စီလည်းကြောက်မိပါသည်။

"မမေ...."

စီ ကားတံခါးကိုဖွင့်ကာ ဆင်းလာပြီး မမေရဲ့ဘေးမှာရပ်လိုက်၏။

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now