part 2 Zawgyi@ Uni

7.3K 196 0
                                    

မောင့်ထက်မိုက်မယ့် မ (အပိုင်း ၂)

"ဂျစ်ဂျစ် ညကဘယ်အချိန်ပြန်ရောက်လဲ"

"သိပ်နောက်မကျပါဘူး ကိုငယ်။"

"သိပ်နောက်မကျဘူးဆိုတာ မနက်အာရုံတက်ချိန်ကိုပြောတာလား။ ဒါမှမဟုတ် ညသန်းခေါင်ချိန်ကိုပြောတာလား။ "

"ကိုငယ်က ဂျစ်ဂျစ်လေးကို အပြစ်ပြောချင်နေတာလား။ ကိုငယ်နော် ဒီအိမ်မှာ ဂျစ်ဂျစ်က အငယ်ဆုံး သူလွတ်လွတ်လပ်လပ်နေပါစေ။ "

မမေရဲ့ စကားကြောင့်ကိုငယ် ခေါင်းခါလိုက်၏။ ဂျစ်ဂျစ်ဟာ တစ်အိမ်လုံး၏ အချစ်တော်သာမက တစ်မျိုးလုံး၏ အသဲကျော်လည်းဖြစ်သည်။ ကိုငယ်ကိုယ်တိုင်လည်း ဂျစ်ဂျစ်ကို ချစ်သည်။ ထို့ကြောင့် တဖြေးဖြေးစည်းကမ်းပျက်လာသည့် ဂျစ်ဂျစ်ကို စိုးရိမ်ပြီး ရင်ပူလာရသည်။ သို့သော် ကိုငယ်၏ စကားကို စေတနာလို့ မမြင်မိကြပေ။

"မငယ်တို့ ဂျစ်ဂျစ်ကိုအလိုလိုက်တာတွေလျော့သင့်ပြီ။ ကြာရင် ဒီကလေး ဘေးဖြစ်တော့မယ်။ သူလုပ်ချင်တာတွေ မြှောက်ပေးနေတာ သူ့ကို မြှင့်တင်ရာမရောက်ဘဲ နှစ်ရာရောက်သွားလိမ့်မယ်။ "

"ဂျစ်ဂျစ်က အိမ်မှာအငယ်ဆုံးဆိုပေမဲ့ သူ့အသက်နှစ်ဆယ်ကျော်နေပါပြီ။ ကလေးမဟုတ်တော့ဘူး။ မမေတို့က ဘေးမှာရှိပေးနေတာပဲ သူ့ကိုယ်သူ ထိန်းနိုင်ပါတယ် ကိုငယ် သိပ်လည်းစိတ်ပူမနေပါနဲ့"

"ဟေ့...နှစ်ယောက်သား ဘာဖြစ်နေကြတာလဲ။ "

ကိုငယ်နှင့် မမေတို့ စကားများနေကြသည့် အသံကြောင့် ကိုကြီး ဝင်ဟန့်လိုက်၏။ အကြီးဆုံးဖြစ်သည့် ကိုကြီး မမေတို့အငယ်တွေ မကြောက်ရပေမဲ့ ရိုသေရသည်။ ထို့ကြောင့် အသံကြားရုံနှင့်ပင်ငြိမ်သွားကြ၏။

"ဘာဖြစ်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး ကိုကြီး။ ဒီမှာလေ ကိုငယ်က ဂျစ်ဂျစ်ကို အပြစ်တင်နေတာ"

မမေက ကိုငယ့်ကို ကလေးသဖွယ်မျက်စောင်းလေးထိုးကာ တိုင်လိုက်လျှင် ကိုကြီးက မျက်မှောင်ကျုံ့ကာ ကိုငယ့်ကိုကြည့်လိုက်၏။

"ဟုတ်လား ကိုငယ်။"

"အပြစ်တင်နေတာ မဟုတ်ပါဘူး ကိုကြီးရာ။ အခုရက်ပိုင်း ဂျစ်ဂျစ် စည်းပျက်ကမ်းပျက်ဖြစ်လာလို့ ထိန်းထိန်းသိမ်းသိမ်းထားဖို့ပြောနေတာပါ။"

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now